ဝမ်အရှင်နှင့်တူသော အမျိုးသားအား ရှောင်းအကဲခတ်နေမိသည်
ဝတ်ပုံစားပုံ ဆံပင်ပုံစံများကွဲပြား သွား၍လားမသိ
သူ့မျက်လုံးထဲ ပိုမိုခန့်ညားလာသယောင်ရှောင်းအတွေးများနေစဥ်မှာပဲ ထိုအမျိုးသားလက်ထဲရောက်သွားတဲ့ ခါးသိမ်သိမ်လေး
"Bunny တအား ချစ်ဖို့ကောင်းလာတယ် "
ထိုအမျိုးသာ နှုတ်ဖျားက ထွက်လာတဲ့ စကားကြောင့်လား အထိအတွေ့ကြောင့်ရယ်လားတော့မသိ
ရှောင်းမှာ ထိတ်လန့်သွားရတာတော့အမှန် ရင်ဘတ်ထဲမှာ တဒိန်းဒိန်းနဲ့ဝမ်အရှင်သာဆို သူ့ကို ဒီလို
ပြုမူမှာမဟုတ်"ရှောင်း ခင်ဗျားကို မသိဘူး "
လက်လွတ်စပယ် မထိတွေ့စေဖို့ စည်းတားကာ ပြောလိုက်ပေမယ့်
ရလဒ်က သူမှန်းထားတာနဲ့ ဆန့်ကျင်စွာထိုအမျိုးသားက ခပ်ဟဟရယ်လို့ သူ့ခါးမှလက်တို့ကို ပိုလို့တင်းကြပ်စေပြီး
လူချင်းနီးကပ်စေလိုက်တာရှောင်းရဲ့မျက်ဝန်းဝိုင်းဝိုင်းတို့က စိုက်ကြည့်ကာ အကြည့်မလွှဲဘဲ
"Bunny က ကိုယ့်ကို မသိတာ ဖြစ်နိုင်တာပဲ "
"အခုကစပြီး Bunny ရဲ့လောင်ကုန်း
ဖြစ်လာမယ့်သူလို့ မှတ်ထားရင် ရပြီ "ရှောင်းမှာ ပြောစရာစကားတို့ ပျောက်ရှလျက်
ဝမ်အရှင်နဲ့ ရုပ်လေးပဲ တူတာ
ပြောပုံဆိုပုံက ဆန့်ကျင်ဘက်ဒီသခင်လေး အပြောအဆိုသိပ်ရဲတင်းတာဘဲ
"ယဥ်ကျေးမှုမရှိဘူး
မယ်မယ်ရရ ဆက်ဆံရေးမရှိတဲ့ သူကို ဖက်လဲတကင်း ဆက်ဆံတာ
ပထမဆုံး မြင်ဖူးတာပဲ "ရှောင်း သူပြောတာကို မနာဘဲ
ပြုံးပြုံးကြီးသာ ကြည့်နေတဲ့သူကြောင့်
စိတ်မကြည်တော့တာတော့အမှန်
"ကိုယ့် Bunny လေးက သိပ်ရိုးစင်းတာပဲ "
ခါးမှ လက်တို့ပြေလျော့သွားတာကြောင့်
ရှောင်း ထိုသခင်လေးနဲ့ ခပ်လှမ်းလှမ်းမှာ နေရာယူရင်း ကျန်းချန်အားလည်း အကူခေါ်နေခဲ့သေးတာ"ဒီနေ့အဖို့ Bunnyနဲ့ နီးစပ်ခွင့်ရပြီးပြီဆိုတော့
ပြန်လိုက်ပါ့မယ်
နောက်နေ့တွေလည်း လာခဲ့မို့လို့ စောင့်ရင်း ရင်ခုန်နေနော်"
YOU ARE READING
Oh My Crush, Emperor Wang [Complete]
Fanfiction2023မှာ လာစုံစမ်းကြည့်လိုက်အုံး ရှောင်းကျန်ဆိုတာ ပုရိသတိုင်း နှုတ်ခမ်းနီမလေးတိုင်းရဲ့ အချစ်တော်လေးပါ နည်းနည်းလေးတောင် စောင်းငဲ့ကြည့်မလာတာတော့ မလွန်လွန်းဘူးလား ဝမ်ဧကရာဇ်ကြီးရာ