"အသက်တွေကြီးလာလို့ မတော်တဆ ကိုကိုအလုပ်တွေမလုပ်နိုင်တော့ရင် Hyunလေးရဲ့အမွေတွေနဲ့တင်ကျွေးထားပေးပါနော်"

Chanyeol ထိုသို့ပြောတိုင်း Baekhyun ကသူ့ပိုက်ဆံအိတ်လေးဖွင့်ပြီ သူ့ကိုကိုလက်ထဲ card တစ်ခုထည့်ပေးတတ်စမြဲပင်။

:

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာတာနှင့်အမျှ Baekhyun ဟာလည်းတဖြည်းဖြည်းချင်းရင့်ကျက်တည်ငြိမ်တဲ့အရွယ်ကိုရောက်လာခဲ့သည်။သို့သော် ရင့်ကျက်သင့်သလောက်သာရင့်ကျက်ပြီး တစ်ချို့နေရာတွေမှာတော့ ကလေးဆန်နေတတ်တုန်းပင်။အထူးသဖြင့် သူ့ကိုကိုနှင့်ပတ်သတ်လျှင်...

"ယောက်ျားက ဘာလို့ လဲမကျသွားတာလဲ"

"အာ Hyunလေးရဲ့အားကပျော့တာကိုး၊ နည်းနည်း အားထည့်ပြီးလုပ်ကြည့်"

"Hyunအားထည့်ရင် ယောက်ျားနာသွားမှာစိုးလို့ပါနော်၊ Hyunက ခါးပတ်နက်ရထားတာ"

"အေးပါကွာ၊ လုပ် ကိုကိုတို့ရေချိုးရဦးမယ်လေ၊ နောက်ကျသွားရင်မကောင်းဘူး"

"အင်းပါ ခဏလေး၊ အားစုလိုက်ဦးမယ်၊ အီးးယားး"

ညနေရုံးကပြန်လာတိုင်း Hyunလေး နှင့်အတူ ဂျူဒိုကစားပေးရတာက Chanyeol ရဲ့အလုပ်ဖြစ်သည်။ကစားတိုင်းလည်း သူလေးအားလောက်ကို ကိုယ့်ခန္ဓာကိုယ်ကြီးကမဖြုံပေမယ့် စိတ်ကျေနပ်အောင် ပစ်လှဲချပြရတာခဏခဏပင်။

:

ရက်သတ္တပတ်ရဲ့အားလပ်ရက်တိုင်းမှာ Chanyeol တို့နှစ်ယောက်ဟာ Baekhyun ရဲ့အပိုင်ဖြစ်တဲ့ Baekhyun သူ့အဖေနှင့်အတူနေခဲ့သည့် အိမ်ကြီးမှာသွားနေတတ်ကြသည်။ဒါဟာလည်း Baekhyun ရဲ့တောင်းဆိုချက်ကြောင့်ဖြစ်သည်။ဒီအိမ်ကြီးကိုရောက်တိုင်း သူလေးနဲ့သူလေးအဖေရဲ့ပုံရိပ်တွေရော သူလေးနဲ့ Chanyeol ရဲ့ပုံရိပ်တွေကိုပါ ဝိုးတိုးဝါးတားမြင်ယောင်မိလို့ စိတ်ပျော်ရတယ်တဲ့လေ။

"ဒီလှေကားပေါ်တက်လိုက်တိုင်း ယောက်ျား Hyunကိုချီထားတာမြင်ယောင်မိတယ်၊ ဟုတ်တယ်မလား Hyunကိုချီပြီး ဒီလှေကားကနေဆင်းဖူးတယ်မလား၊ Hyunကအရမ်းငယ်တဲ့အရွယ်မျိုးတော့မဟုတ်ဘူး၊ ဒါပေမယ့် သိပ်မမှတ်မိတော့ဘူး"

Warm Love (Completed)Where stories live. Discover now