"အဲ့အလုပ်ကိစ္စတွေကို မင်းမန်နေဂျာနဲ့ လွှဲပေးလို့ မရဘူးလား??"

"မရဘူး.....အခု အလုပ်က ပိုအရေးကြီးတယ်....ငါသွားမှဖြစ်မှာ"

သူ့ခါးနားတစ်ဝိုက်မှာ Ji Woong လက်တွေက အိပ်ရာကို ထောက်ထားတာမို့ Ricky တစ်ကိုယ်လုံးဟာ ဝက်ဝံလေးတစ်ကောင်လို Ji Woong ရင်ခွင်ထဲ နစ်မြုပ်နေခဲ့သည်။နီးကပ်လာသော ကိုယ်နေဟန်ထားနှင့်အတူ Ricky ရင်ခုန်‌သံတွေဟာလည်း ဆူညံလာခဲ့ပါသည်။

သူ့အပေါ်ငုံ့မိုးထားသော မီးခိုးရောင်ဆွယ်တာအပါးလေးဆီမှ နွေးထွေးမှုကို ခံစားနိုင်သည်။

ထို့အတူ ရင်းနှီးနေပြီ‌ဖြစ်သော honey rosey အနံ့ခပ်သင်းသင်းလေးကလည်း Ricky ဆီသို့ တဖြည်းဖြည်း ကျီစယ် ကလူလာသလိုပင်....။

"အရူးကောင်...မင်းဒီနေ့ဆေးမှားသောက်ထားတာလား?? ငါ့အပေါ်ကနေ ဖယ်ပေးအုန်း"

Ji Woong ရင်ဘတ်ကို မြန်မြန်ဆန်ဆန် တွန်းထုတ်လိုက်သော်လည်း ရလဒ်အနေနဲ့ကတော့ သူ့လက်ဖျားအေးစက်စက်ကလေးများသာ ‌ချုပ်နှောင်ခံလိုက်ရတော့တယ်။

"အဲ့အလုပ်ကအရေးကြီးလား?....ကိုယ်ကအရေးကြီးလား?"

"လွှတ်....ငါ့အပေါ်က ဖယ်ပေး!!"

"ငြိမ်ငြိမ်နေ! မင်းမဖြေရင် ငါမင်းကိုနမ်းမှာနော်!"

Ji Woong တစ်ကယ်လုပ်မည်မှန်း Ricky သိနေခဲ့သည်။ထို့ကြောင့် 'မင်းလုပ်ရဲလား'ဆိုသည့် ရူးကြောင်ကြောင်မေးခွန်းမျိုးကို Ricky ထပ်ပြောတော့မည်မဟုတ်ပေ....

"အဲ့ဒီ့အလုပ်လုပ်မှ ငါပိုက်ဆံရမှာ...။မင်းနဲ့ရူးကြောင်ကြောင်မေးခွန်းတွေကို အမေးအဖြေလုပ်တမ်းကစားဖို့ ငါမအားဘူး..ဖယ်ပေးတော့!!"

ထိုသို့ပြောလိုက်တော့ Ji Woong က ချက်ချင်းသူ့အပေါ်မှ ဖယ်ပေးလိုက်ကာ နာနာခံခံဖြင့်ပင် တစ်ဖက်အိပ်ရာပေါ် ရုတ်တရပ်ပြန်သွားသောကြောင့် Rickyပင် အံ့ဩသွားမိသည်။

သူ့အိပ်ရာပေါ်မှာ ခေါင်းငိုက်စိုက်၍ ငြိမ်ငြိမ်လေးထိုင်နေသောJi Woong ပုံစံမှာ အခုနက သူ့ပုံစံမဟုတ်တော့ပဲ ထိုင်းမှိုင်းနေသည်။ခဏအကြာ Ricky ကို လေးလေးပင်ပင် မော့ကြည့်လာ၏။

Fallin'Harder Where stories live. Discover now