( ဇာတ်သိမ်းပိုင်း )
Start from the beginning
" ကိုကို...ထတော့လေ။ အောက်မှာ မနက်စာတောင် အဆင်သင့်ဖြစ်နေပြီ။ အလုပ်လည်း နောက်ကျတော့မယ်၊ ဒီနေ့ ရှယ်ယာရှင် အစည်းအဝေးပွဲလည်း ရှိတယ်မလား "
ခေတ်သစ် ပခုံးလေးကို ဆွဲယမ်းကာ လှုပ်နှိုးလိုက်သည်။ ထို့နောက် သန်မာသည့် လက်တစ်စုံသည် ဒီယံပျိုး လည်ပင်းကနေ သိုင်းဖက်ကာ အိပ်ရာပေါ်သို့ ဆွဲယူလိုက်သည်။ သူသည် ခေတ်သစ် ရင်ခွင်ထဲသို့ အလိုက်သင့်လေး ပါသွားလေ၏။
" ကို့ မျက်နှာလည်း မသစ်ရသေးဘဲ ဖယ်ကွာ။ ညစ်ပတ်လိုက်တာ။ ဟိုမှာ သားသားလည်း ရှိနေတာကို "
" ယံလေးကလည်းကွာ ကိုက မနက်နိုးလာရင် ဒီလို နှပ်လိုက်ရမှ ကျေနပ်တာ သိရဲ့နဲ့ကို။ ဘာလဲ မင်းက မင်းယောင်္ကျားကို ငြိုငြင်နေပြီလား "
ရင်ခွင်ထဲမှ အတင်းရုန်းသော်လည်း လွတ်ထွက်မသွားပါ။ သန်မာသည့် လက်အစုံသည် သူ၏ လည်ပင်းလေးကို ကျပ်သိတ်စွာ သိုင်းဖက်ထားလေသည်။
" ကို ဖယ်လို့၊ အောက်မှာ မေမေ စောင့်နေတယ်။ မလာလို့ ကြာနေရင် အပေါ်တက်လာတဲ့အချိန် မြင်သွားရင် မကောင်းဘူးလေ။ ဖယ်ကွာ ကိုရာ၊ ဖယ် "
" မဖယ်ဘူးကွာ။ ကိုယ်ကလည်း အဲ့လိုမျိုးကို အတင်းဖက်ချင်တာ။ မွှေးနေတာပဲ၊ ကိုယ့်မိန်းမလေးနားက။ ကိုယ်တောင် ဆာလာပြီ "
" ဆာရင် အောက်ဆင်း...လာ၊ မေမေချက်ထားတဲ့ မုန့်ဟင်းခါးက အဆင်သင့်ဖြစ်နေပြီ၊ ပူတုန်းလေး သောက်ရအောင် "
" ကိုယ် ဆာတယ်ဆိုတာ မနက်စာ မဟုတ်ဘူး "
" ဟင် ဘာ ဆာတာတုန်း ကိုက "
" ကိုယ်လား...ဒါလေးဆာတာ "
ပြောပြောဆိုဆိုဖြင့် သူ၏ တင်ပါးလေးကို အားရပါးရ ဆွဲညစ်လိုက်သည်။
" သားရေ...ဒီယံ မင်း သွားနှိုးတာလည်း နှစ်ပေါက်တော့မယ်။ ဆင်းခဲ့တော့လေကွယ်...သားဖတစ်တွေ "
အခန်းတံခါးလေးသည် ပွင့်နေတော့ ဒေါ်မြသွေး ရုတ်တရတ် အခန်းလေးထဲ ဝင်ရောက်လာသည်။
" ဟဲ့...ဟဲ့ အမလေး...ဪ။ စောစောစီးစီးကွယ်။ ခေတ်ကာလ ကလေးတွေများ မနက်အစောတောင် ဆာလောင်နေတာ အံ့ဩပါရဲ့ "
အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now