အပိုင်း၂၂ ၀မ့်ဟွားဂေဟာ

Start from the beginning
                                    

ထိုကာမအာရုံ၌ ယစ်မူးသွားကျသော လူတစ်စုမှာ အိန္ဒြေမရတော့ဘဲ ထိုပန်းအလှလေးတွေအောက်၌သက်ဆင်းသွားကာ အမြင်မတော်ဖွယ်အပြုအမူများကို လူအများရှေ့၌လုပ်ဆောင်ကျတော့တယ်။

ထိုအဖြစ်အပျက်မှာ အလွန်ပင် ရှက်ဖွယ်ကောင်းလွန်းလှသော်လည်း ထိုလူများမှာ အရှက်ဆိုသည်မှာ ဘာမှန်း မသိတော့စွာဖြင့် လုပ်ဆောင်နေကျတော့သည်။

ထိုသို့အရှက်ကင်းမဲ့စွာလုပ်ဆောင်နေကျသောထိုလူများမှာ သာယာမှုအထွတ်အထိပ်သို့ရောက်ပြီးသည်နှင့် အရိုးစုအလောင်ကောင်များဖြစ်သွားကျကာ တစ်ချို့ အသိစိတ်ပြန်၀င်လာသူအချို့မှာတော့ ထိုပန်းအလှလေးများ၏ စားသောက်ခြင်းကို ခံရကာ မရှုမလှဖြင့် သေဆုံးကုန်ကျတော့တယ်။

ထိုပန်းအလှလေးများ(ခေါ်) အရေခြုံ မကောင်းဆိုးဝါးများမှာ သူမတို့အဖွဲ့အား သွေးဆောင်ဖြားယောင်းနေပါသော်လည်း တစ်ယောက်မှ တုပ်တုပ်မလှုပ်ကျသဖြင့် ထိုမကောင်းဆိုးဝါးအုပ်စုမှာ သူတို့ရဲ့ သရုပ်မှန်ကို ဖော်ပြလာကျတော့တယ်။

အလှလေးတွေမှသည် ရွံရှာဖွယ်ရာ အလောင်းကောင်များအဖြစ် နဂိုရင်သက်ရှုမောဖွယ်မျက်နှာ‌လေးတွေမှာ ချိုင့်ခွက်နေသော မျက်လုံးများ၊ပါးရိုးများမှာလည်း ချိုင့်၀င်နေကာ လောက်တွေမှာလည်း သူတို့ခန္ဓာမှ တဖြုဖြုတ်ပြုတ်ကျကာ လမ်းတစ်လျှောက် ရွံရှာဖွယ်တလိလိပင် ။

စ၀င်၀င်ချင်းက အမွှေးနံ့သာတို့ဖြင့် ပြည့်နှက်နေသောထိုနေရာဟာ အခုတော့ဖြင့် ပုပ်နံ့တထောင်းထောင်းဖြင့် မသထီဖွယ် အနံ့တို့ဖြင့် ပြည့်နှက်နေတော့သည်။

ထိုသို့ရုတ်တရတ်ပြောင်းလဲသွားသော အခြေအနေများကို အသားမကျစွာဘး ဇာတ်လိုက်တို့အဖွဲ့မှာ ‌တအော့အော့ဖြင့်ထိုးအန်လေတော့သည်။သူမနှင့် ဝံပုလွေ နှစ်ကောင်မှာတော့ မထူးခြားသော အခြေအနေတစ်ရပ်ကို ကြည့်နေသလိုမျိုး လွန်စွာတည်ငြိမ်နေသဖြင့် ဟေးဝူချင်း၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ချို့ လင်းလက်သွားကာ မသိမသာ စောင်းငဲ့ကာ သူမအားကြည့်လာပေတော့သည်။ထိုသို့ကြည့်နေသည်ကို သူမသတိထားမိပေမယ့် မသိချင်ယောင်သာ ဆောင်နေလိုက်တော့သည်။

သူမသတိထားမိတာတစ်ခုမှာ ထိုအလောင်းကောင်တွေမှာ နဂိုအလှတွေကနေ ဒီလိုပုံစံ ပြောင်းသွားပေမယ့် မပြောင်းလဲတာ တစ်ခုမှာ သူတို့ကိုယ်မှ ဆေးမှင်ကြောင်များပင် နဂိုအတိုင်း ထိုဆေးမှင်ကြောင်များမှာ အသက်၀င်နေတုန်းပင်

"ကြည့်ရတာ သူတို့ခန္ဓာကိုယ်က ဆေးမှင်ကြောင်တွေက သူတို့အသက်များလား"သူမစကားအဆုံး ဟေးဝူချင်းတို့နှစ်ယောက်မှာ သူမအား စိတ်၀င်တစားကြည့်ရှုလာကျပေမယ့် ဘာမှမပြောပေ။

ထိုအလောင်းကောင်များမှာ သူတို့အုပ်စုအား ဝိုင်းရံထားကျကာ အမဲလိုက်ဖို့စတင်လာတော့သည်။ ရှည်လျားလှသော ‌လက်သည်းများဖြင့်သူမတို့အားကုတ်ဆွဲကာ ကိုက်ဖြတ်စားသောက်ဖို့ ကြိုးစားကျတော့သည်။

Note _ sorry my readersတို့ရေ update နောက်ကျသွားတယ်။ရေးဖို့စဉ်းစားနေရလို့ ပြီးတော့မအားလို့ နောက်လ စာမေးပွဲဖြေရမှာမို့လို့ စာတွေ စလုပ်နေရပြီမို့ပါ။တို့မှာ တစ်ပတ်လုံးမအားလို့ပါ ခုနစ်ရက်တစ်ပတ်လုံး အလုပ်လည်းလုပ်နေတော့ စာကလည်း ကျက်ဖို့အချိန်မနည်းပေးနေရလို့ နောက်ကျသွားပါတယ်။စာမေးပွဲပြီးရင်တော့ daily update လာမယ်နော်။အခုလောလောဆည်တော့ အားရင် အားသလိုတင်ပေးပါ့မယ်။love you all😘😘

I got a wife as the system Where stories live. Discover now