' မင်း ပြောတုန်းတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး စကား နားထောင်မှာပေါ့။ မင်းက သူတို့ကို မျက်စိအောက် အမြဲတမ်း ထားပြီး စောင့်ကြည့်နေနိုင်လို့လား။

အဲ့ဒါကြောင့် ကျင်းပေါင် တန်ဖိုး မလျော့ခင် သူတို့ကို နှစ်ဦးသဘောတူ လက်မှတ်ထိုးခိုင်းတာ ပိုမကောင်းဘူးလား။'

ရိလုံ မျက်လုံးတွေ ဂနာမငြိမ် ဖြစ်သွားပြီး အခု သွားရမှာတောင် စိတ်မဖြောင့် ဖြစ်လာသည်။

' နေအုံး ... ငါ အခုပဲ ကျင်းပေါင် ကို သွားပြောထားလိုက်မယ်။'

' နေစမ်းပါ ...။ ဘာလို့ သွားပြောမှာလဲ? မင်း သွားပြောမှ သူ့ကို အဲ့လို လုပ်ဖို့ သတိပေးသလို ဖြစ်သွားနိုင်တာ မစဉ်းစားမိဘူးလား။ အခု မင်း သွားစရာ ရှိတာ စိတ်ချ လက်ချ သွား။ အခုက ငါ သူ့ကို စောင့်ကြည့်ပေးလို့ ရသေးတယ်။

ငါ ပြောတာက နောက် ငါ ပြင်သစ် သွားတဲ့ အချိန်ကို ပြောတာ။'

ရိလုံ ဆိုင်ထဲကို တစ်ချက် လှမ်းမျှော်ကြည့်လိုက်ပြီး သနားစရာ လေသံနဲ့ ...

' သူတို့ အခုတော့ မင်း ပြောသလို မဖြစ်လောက်သေးဘူး မလား။'

ရှောင်းကျန့် သူပါ ဆိုင်ထဲကို ဟန်ဆောင် ပန်ဆောင် တစ်ချက် လိုက်ကြည့် လိုက်ပြီး ...

' အခုတော့ မဖြစ်သေးပါဘူး။'

' ကဲပါ ... သွားတော့။ လန်ဟွား စောင့်နေလိမ့်မယ်။'

ရိလုံ သူ့ကို ကျောကို တွန်းပြီး သွားခိုင်းနေတဲ့ ရှောင်းကြောင့် သွားရင်း အနောက် လှည့်ကြည့်ရင်း ...

' ကား သော့ မယူရသေးဘူး။'

ရှောင်းကျန့် ကား သော့ သွားယူပေးပြီး ရိလုံ ကား မောင်းထွက်သွားတာကို လက်ပြရင်း မျက်လုံးက ဝမ်ရိပေါ် ရဲ့ Company ဆီ အကြည့် ရောက်သွားတော့ အခုမှကား အမဲ တစ်စီး Company အရှေ့မှာ လာရပ်တာနဲ့ တိုးသွားတယ်။

ရှောင်းကျန့် ဘယ်သူမှတောင် ကား ပေါ်က ဆင်းလာတာ မတွေ့သေးဘူး၊ ကား ကို မြင်တာနဲ့ ဆိုင်ထဲ အမြန်ပြေးဝင်လိုက်သည်။

~~~~~~~~~

' ဟက် !!!! ကလေး လိုပဲ။'

သခင်ကြီး သူ့ကို ဝမ်ရိပေါ် တစ်ခုခု ပြောတယ် ထင်ပြီး ...

Love is Evil  ( Completed )Where stories live. Discover now