' မင်း ဘာလို့ ငါ့ကို ကား ကို အတင်း ယူသွားစေချင်နေတာလဲ။'

ရှောင်းကျန့် သူ ပြောစရာ ရှိတာ ကြိုပြောထားဖို့ တွေးလိုက်ရင်း ...

' တကယ်တော့ ငါ ပြင်သစ်မှာ ဒီဇိုင်းပိုင်းနဲ့ အလုပ် သွားလုပ်မလို့။ အဲ့ဒါကြောင့် ငါ့ကား ကို မင်းကိုပဲ မင်္ဂလာ လက်ဖွဲ့အဖြစ် ပေးလိုက်တော့မှာ။'

' ဘယ်လို !!!! ပြင်သစ် ပြန်သွားမှာ!!! ဘယ်တော့လဲ? အဲ့ဒါကို ဘယ်တုန်းက စဉ်းစားလိုက်တာလဲ။'

' မင်းပဲ ငါ့ကို ဝမ်ရိပေါ် နဲ့ ဝေးဝေး နေစေချင်တာ မလား။ အဲ့ဒါကြောင့် ငါ ပြင်သစ်မှာ ခဏ သွားနေလိုက်မလို့။'

ရိလုံ အဲ့စကားကို ကြားတော့ တစ်ချက်စဉ်းစားသွားရသည်။

အဲ့ဒါလည်း ဟုတ်တာပဲ။ ရှောင်း သာ ပြင်သစ် သွားလိုက်ရင် ဝမ်ရိပေါ် လည်း လိုက်နှောင့်ယှက်လို့ မရတော့ဘူး။

( သနား စရာ ရိလုံ !!!! ဟိုကဖြင့် ပိုက်ဆံ ပေါလွန်းလို့ ပြင်သစ် နဲ့ တရုတ် ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုတောင် သွားနိုင်တယ်ဆိုတာကျ မစဉ်းစားမိရှာဘူး။)

' ဒါဆို ငါ နဲ့ လန်ဟွား လက်ထပ်ပြီး အိမ်ခွဲနေရင် ဆိုင်မှာကျ ကျင်းပေါင် တစ်ယောက်တည်း ရှိတော့မှာပေါ့။'

' ဘာခက်လို့လဲ? သူ့ကို ရိဖုန်း နဲ့ ပေးစားလိုက်တော့လေ။ မင်းလည်း အခု ရိဖုန်း ကို အမြင်ကြည်နေပြီပဲ မလား။'

' ဟာ ... မပေးစားသေးပါဘူး။ ကျင်းပေါင်က အခုမှ ကလေးပဲ ရှိသေးတာ။'

' အေး ... မပေးစားဘူး၊ မပေးစားဘူး။ လုပ်နေ ...။ ခေတ် ဆိုတာ နောက်ပြန်မသွားဘူး။ အခုခေတ် ကလေးတွေက ရည်းစား ဖြစ်ပြီဆိုတာနဲ့ ... !!!! ငါ ပြောချင်တဲ့ အဓိပ္ပာယ် သိတယ်မလား။'

ရှောင်းကျန့် သူ မီးမွှေးပေးလိုက်တာကို မသိရှာပဲ သူ့ညီကိုပဲ စိတ်ပူပြီး မျက်ဝန်းတွေ အဆမတန် ပြူးလာတဲ့ ရိလုံ ကို ကြည့်ရင်း ရယ်ချင်နေပါတယ်။

' အဲ့လိုတော့ အဖြစ်မခံဘူး။ ငါ ရိဖုန်း ကို ခေါ်ပြီး သတိပေးထားလိုက်မယ်။'

ရှောင်းကျန့် နှာခေါင်း တစ်ချက် ပွတ်ပြီး ဆရာကြီး စတိုင်လ် နဲ့ ခေါင်းရမ်းရင်း မျက်လုံးကိုပါ မှေးကျဉ်းလိုက်ပြီး ...

Love is Evil  ( Completed )Where stories live. Discover now