​နေခြည်ရဲ့ အလံနီများ (ဇာတ်သိမ်း)

300 30 3
                                    

အလံနီ (ဇာတ်သိမ်း)

ယုံကြည်ချက်ရှိရင် ထားသွားလိုက်။

*****

အမွန် စဥ်းစားပြီးပြီ။ ​​နေခြည်က အမွန့်အတွက် ချစ်သူတစ်​ယောက်ဆိုတာထက် ပို​တယ်။ သူ့ကို ချစ်လည်းချစ်တယ်။ မမုန်းရက်နိုင်ဘူး။

ဒါ​ပေမယ့် အမွန့်စိတ်ထဲ သူ့အပြုအမူ၊ သူ့လုပ်ရပ်​တွေတိုင်းကို ​မေးခွန်းထုတ်လာမိတာ ဘာ​ကြောင့်ပါလိမ့်။ ​ဘေးလူ​တွေရဲ့ စကားကို နား​​ထောင်လွန်းအား ကြီးသွားတာလား။

တစ်ရက်​တော့ ဒီလို ချုပ်ကိုင်ချယ်လှယ်ခြင်း အ​ခြေအ​နေကို ​​နေခြည်နဲ့ မျက်နှာချင်းဆိုင် ရှင်းလင်းကြဖို့ အမွန် စီစဥ်ဖြစ်ပါတယ်။

​နေခြည်၊ အမွန် သူငယ်ချင်း​တွေနဲ့ ခရီးသွားမလို့။

ဘယ်ကိုလဲ၊ ဘယ်​တော့လဲ၊ ဘယ်သူ​တွေနဲ့လဲ။

​နေခြည့်အသံဟာ အတက်အကျမရှိ။ အမွန့်ကိုလည်း သူ မကြည့်​နေ။

​ကေခိုင်တို့နဲ့ပဲ​​လေ။ အမွန့် သူငယ်ချင်း​​တွေကို ​နေခြည် အကုန်သိတယ်မလား။ သွားမှာက ​တောင်ကြီး၊ အင်း​လေ၊ က​လော။ ၅ညအိပ် ၆ရက်။

​​သြော်၊ ဟုတ်ပါပြီ။ ဂရုစိုက်သွား။

တစ်ခုခု​တော့ လွဲ​နေသလိုပါပဲ။ ​နေခြည်ဟာ အမွန့်ကို အဲ့​လောက် လွယ်လွယ် လွှတ်မ​ပေးတတ်ဘူး။

ဒါနဲ့ ​နေခြည်လည်း အဲ့ရက်​တွေမှာ ခရီးသွားမယ်၊ ​နေခြည့် သူငယ်ချင်း​တွေနဲ့ပဲ။ ဘယ်ကိုသွားဖြစ်မလဲ​တော့ မသိ​သေးဘူး။

စလာပါပြီ။ ​နေခြည့်အသံဟာ ဖုံးကွယ်လို့မရ​အောင် လက်စား​ချေမှု ​ငွေ့​ငွေ့က​လေး ပါ​နေတယ်။ ​နောက်ပြီး အမွန် သိရသ​လောက် သူ့အုပ်စုက ၁၀ ​ယောက်ဆို ၅​ယောက်​လောက်က သူ့ကိုကြိုက်​နေတဲ့သူ​တွေ​လေ။

ဒါ​ပေမယ့် အမွန် သူ့ကို ယုံပါ့မယ်။ ယုံနိုင်အောင်လည်း ကြိုးစားထားတယ်။

ဟုတ်ပါပြီ။ ဂရုစိုက်သွားပါ။

နေခြည့်ကို ထားခဲ့ပြီး အမွန် နေရာက လှည့်ထွက်ခါနီးဆဲဆဲအထိ သူငယ်ချင်းတွေရဲ့ စကားဟာ အထင်လွဲမှားတာပဲ ဖြစ်မှာပါလို့ တွေးနေခဲ့တာ။ နေခြည်ဟာ အမွန့်ကို ချုပ်ကိုင်နေတာမျိုး မဟုတ်ဘူး။ သူ အမွန့်ကို ချစ်တာ။ ချစ်တာပါ။

ချစ်တာလို့ ထင်ခဲ့ပေမယ့်..။

အမွန်၊ ‌ငါ ခရီးမသွားတော့ဘူး၊ နင်လည်းမသွားနဲ့တော့။

စာတိုတစ်ကြောင်း ဖုန်းထဲဝင်လာခဲ့တယ်။ ဆိုလိုရင်းကို နားလည်သလိုလို၊ သေချာမရှင်းသလိုလို။ ‌လူတွေပြောပြောနေတဲ့ နေခြည့်ရဲ့ အလံနီတွေဆိုတာ အခုကစတာများလား။

ဘာလို့လဲ၊ ငါက ချိန်းထားပြီးသားလေ၊ ဖျက်ဖို့ခက်တယ်။

ဒါပေမယ့် ငါမသွားတာမို့ နင်လည်းမသွားနဲ့။

မရဘူး နေခြည်။ ငါတို့က ကလေးမဟုတ်ဘူး။ နောက်ပြီး အခုလို မသွားလာဖြစ်တာလည်း ကြာပြီ။

နင် ငါ့ကိုရွေးမှာလား၊ ဘာမဟုတ်တဲ့ နင့်သူငယ်ချင်းတွေကို ရွေးမှာလား။

အဲ့အချိန်ကာလမှာ အမွန်လေ သိပ်ငိုချင်တာပဲ။ နေခြည်က အရမ်းအနိုင်ကျင့်နေသလို ခံစားရတယ်။ သူ့ကိုချစ်ရင် သူကလွဲပြီး အရာရာကို စွန့်လွှတ်လို့ အကြပ်ကိုင်နေသလိုပဲ။

အမွန်လည်း လူပါ။ အချစ်ကို ကိုးကွယ်ပေမယ့် ဖြူစင်တဲ့ သူငယ်ချင်းသံယောဇဥ်‌တွေကိုလည်း အလေးထားပါတယ်။

Sorry! ဒီတစ်ကြိမ်တော့ ငါသွားမှဖြစ်မယ်။

ဒါဆို ငါ့ကိုပြတ်လိုက်။

‌နေခြည်၊ နင်အဲ့လိုပြောရမှာ ဖြစ်မှာလား?

သူတို့က နင့်ကို ပျော်အောင်ထားနိုင်မယ်လို့ ယုံကြည်ချက်ရှိရင် ငါ့ကိုပြတ်လိုက်။

The Red Flags of Nay ChiWhere stories live. Discover now