​နေခြည်ရဲ့ အလံနီများ (၅)

217 29 0
                                    

အလံနီ (၅)

ပြတ်နိုင်ရင် ပြတ်။
မပြတ်နိုင်ရင် အဲဒီဆက်ဆံ​ရေး​တွေကို
ရပ်တန်းက ရပ်။

*****

​နေခြည်က​တော့ သူ့ကိုယ်သူ ၁၂/အရမ်းပြတ်သား(နိုင်) လို့ သတ်မှတ်ထားပါတယ်။

အရာရာနဲ့ ယှဥ်လာရင် အမွန့်ကိုသာ ပထမ ဦးစား​ပေးမှာဖြစ်​ကြောင်း၊ တခြားလူ​တွေဆိုတာ အလွယ်တကူ ဖြတ်​တောက်လို့ရတဲ့ သံသရာတစ်​​ကွေ့က နွယ်ကြိုးမျှင်များသာဖြစ်​ကြောင်း၊ အမွန်သာ နံပါတ်တစ် နှစ် သုံး ဖြစ်​ကြောင်းကို တဖွဖွလည်း ​ပြောတတ်ပါတယ်။

တကယ်လည်း အမွန့်ကို သူ​ပြောသလို ဆက်ဆံပါတယ်။ သူ့ကို လိုချင်ကြတဲ့ လူ​တွေအများကြီးထဲ အမွန့်ကိုပဲ ​ရွေးရှာတဲ့အခါ၊ တခြားအရာ​တွေထက် အမွန့်မျက်နှာကို တစိမ့်စိမ့် ထိုင်ကြည့်တဲ့အခါ၊ အမွန်က တစ်​ယောက်​ယောက်နဲ့ သူ့ပတ်သက်မှုကို ​မေးခွန်းထုတ်ရင် အဲ့တစ်​ယောက်ကို ချက်ချင်း block လိုက်တာ​တွေက အမွန့်ကို အ​ပျော်ဆုံး လူသားတစ်​ယောက်လို ခံစားရတာ​တွေ​ပေါ့။

ဒါ​ပေမယ့် ကိစ္စ​တွေက ထင်သ​လောက် မရိုးရှင်းပါဘူး။

သူဖြတ်​တောက်နိုင်တဲ့ ဆက်ဆံ​ရေး​တွေဟာ သူ့ကိုလိုချင်​နေကြတဲ့ ဆက်ဆံ​ရေး​တွေဖြစ်ပြီး သူဖြတ်​တောက်လိုက်တဲ့ အမွန့်ဆက်ဆံ​ရေး​တွေက​တော့ ​သွေးရိုးသားရိုးများသာ ဖြစ်ပါတယ်။ ဘာလို့ဆို အမွန်က သူ့ရဲ့ "ရိုးရိုးသားသား" များကို ဘယ်​တုန်းကမှ ​မေးခွန်းမထုတ်ခဲ့ဖူးဘူး​လေ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါက ရန်ဖြစ်​တော့ ​နေခြည်က အမွန့်ကို တစ်ခွန်းပဲ​ပြောတယ်။

"ငါ့ကို ပြတ်ရင်ပြတ်၊ မပြတ်ရင် အဲ့ဆက်ဆံ​ရေး​​​တွေကို ရပ်တန်းက ရပ်"

အမွန် ငိုချင်တယ်။ သူနဲ့မခွဲနိုင်။ ​ဝေးဖို့ကို မစဥ်းစားရဲ။ အ​ဖြေကလည်း တစ်ခုတည်း။ ရပါတယ်။ အဲ့​လူ​တွေက ​နေခြည်နဲ့ယှဥ်လာရင် ဘာမို့လို့လဲ။

အမွန့် ​ရွေးချယ်မှုတိုင်းက ​အမြဲတမ်း ​နေခြည်​ပေါ့။

The Red Flags of Nay ChiWhere stories live. Discover now