မြွေတစ်ကောင်အတွက်တဲတစ်ခုကအကောင်းဆုံးအဆောက်အအုံဖြစ်ပေမယ့်ပြည့်စုံလေးအတွက်တော့ထိုသို့ဖြစ်ပုံမပေါ်။မျက်နှာမကောင်းစွာဖြင့်သူတို့မြေးအဖွားနှင့်အတူလာရောက်နေဖို့ပြောကြားခဲ့စဉ်ကနက္ခမှာပျော်ရွှင်တစ်ဝက်ဝမ်းနည်းတစ်ဝက်နှင့်။

အစကတော့အရင်ကလိုဖြစ်ရပ်ဆိုးတွေကိုရှောင်ရှားရန်အတွက်ပြည့်စုံလေးဆယ့်ရှစ်ပြည့်မှမြွေတိုင်းပြည်ထဲပြန်ခေါ်လာဖို့စဉ်းစားထားပါသော်လည်းပြည့်စုံလေးကတော်တော်ဆိုးသည်။ပန်းနီနီဆိုသည့်မိန်းကလေးကြောင့်သူ့မှာအသက်အပြည့်သေးပဲမြွေနန်းတော်ထဲခေါ်လာဖို့ကလွှဲပြီးရွေးစရာလမ်းမရှိတော့။ဒီမိန်းကလေးကဘဝဆက်တိုင်းဒုက္ခပေးနိုင်လွန်းလှသည်။

........................................................................

တော်ဝင်နန်းဆောင်ရဲ့အကောင်းဆုံးအချက်မှာပြတင်းတံခါးဖွင့်ထားပါလျှင်လေများတားမရအောင်တိုက်ခတ်ခြင်းပင်။ယခုလည်းမင်္ဂလာဉီးညမှာတစ်ယောက်ထဲအိပ်စက်နေရတဲ့ပြည့်စုံဟာ,လေကြမ်းများကြောင့်စောင်ကိုတင်ကျပ်နေအောင်ဆွဲခြုံထားရသည်။သို့သော်မျှော်လင့်ချက်သေးသေးလေးကြောင့်ပြတင်းပေါက်အားလည်းမပိတ်လိုက်ချင်။

ရုတ်တရက်အရိပ်တစ်ခုကတော်ဝင်နန်းဆောင်ကိုတွယ်တက်လာပြီးပြတင်းပေါက်ကိုခွကျော်လာကာကုတင်ပေါ်ကပြည့်စုံဆီသို့ချဉ်းကပ်လာသည်။ပြည့်စုံကလည်းထိုအရိပ်လေးကိုမြင်သည်နှင့်စောင်ကိုဟပေးကာအထဲဝင်စေလိုက်သည်။

"အပြင်မှာအရမ်းအေးတာပဲ!"

"ရောက်နေတာကြာပြီလား"

"အင်း..နည်းနည်းကြာပြီ"

"ဘာလို့ဝင်မလာတာလဲ"

"ပြည့်စုံလေးစိတ်ကြည်မယ့်အချိန်လောက်ကိုစောင့်နေတာအခုရလောက်ပြီထင်လို့"

"တော်သားပဲငါအခုအရမ်းစိတ်ကြည်နေတာ"

"အဲ့တာဆိုကိုယ့်ကိုဆုမချချင်ဘူးလား"

"အရင်ဆုံးတံခါးသွားပိတ်လိုက်ငါအရမ်းချမ်းနေပြီ"

နက္ခကုတင်ပေါ်ကခုန်ဆင်းလိုက်ကာပြတင်းပေါက်ကိုအလျှင်အမြန်ပိတ်လိုက်သည်။ထို့နောက်ကုတင်ဆီအမြန်ပြန်ပြေးလာကာစောင်ခြုံကိုဆွဲဖယ်လိုက်လျှင်သူ့ရဲ့ကြင်ယာတော်လေးကအဝတ်များမရှိတော့ပဲပိုးတုန်းလုံးလေးလိုကွေးကွေးလေးဖြစ်နေသည်။

မြွေ(Complete -U+Z)Where stories live. Discover now