အပိုင်း (၃၁)

3.6K 187 29
                                    

Unicode.....

(ကျွန်မ အသည်းကွဲနေလို့ နောက်ကျနေရတာပါ
ရိုက်လိုက ရိုက်ပါ
နှက်လိုက နှက်ပါ)


''ကိုယ် ဒီနေ့ ပြန်မလာတော့ဘူးနော်
ဒီမှာမိုးရွာနေတော့ ကားမမောင်းချင်လို့
ချစ်တယ် ဟန်နီ''

ယောကျ်ားဖြစ်သူဆီက အလိမ်အညာတွေပါတဲ့ မက်ဆေ့ကိုဖတ်ပြီးနောက် စိတ်ပြေလက်ပျောက်အနေနဲ့
official accountမဟုတ်တဲ့ တခြားaccountဆီကို log inဝင်လိုက်ကာ facebook သုံးနေလိုက်သည်။

People you may knowမှာ တက်လာတဲ့
ခန့်မှုးဇေယျာဆိုတဲ့အကောင့်ကို မြင်တော့ စိတ်ထင့်နေတဲ့ကိစ္စတစ်ခုကြောင့်ဝင်ကြည့်လိုက်မိသည်။ဟိုဘက်official accountမှာ
အရင်ကfriend ဖြစ်ပေမဲ့ နောက်ပိုင်းမှာကိုယ်ကပဲ blockလိုက်တာမို့ သတိမထားမိတာတောင်ကြာပြီ။
အခုမှ တခြားအကောင့်သုံးနေရင်း တွေ့လိုက်ရတာမို့ ခန့်မှူးဇေယျာအကောင့်ထဲဝင်ကြည့်လိုက်သည်။

ဝင်ဝင်ချင်းတွေ့လိုက်ရတာက highlights လေးတွေ။
ကိုယ့်တုန်းကထားခဲ့ပေးသလိုမျိုး heart signလေးနဲ့
highlight ကိုဝင်မကြည့်ဘဲနဲ့ ဒီတိုင်းလေး ငေးကြည့်နေမိသည်။
သူတောင် ထပ်ပြီးချစ်တတ်နေပြီပဲ။
ဝင်မကြည့်ဘူး လုပ်ပြီးခါမှ လက်ကအလိုအလျောက်သွားထိလိုက်မိတော့ သူ့ပခုံးပေါ် ကောင်မလေးရဲ့ ဆံနွယ်တွေ ဖြာကျနေတဲ့ပုံလေးကိုတွေ့လိုက်ရသည်။
နောက်တစ်ပုံကြည့်လိုက်တော့ လက်ချင်းချိတ်ထားတဲ့ပုံလေး......။
ကောင်မလေးကြည့်ရတာ ခန့်မှူးဇေယျာလောက်တောင်အသားဖြူပုံမရ လက်ချင်းနဲ့ယှဥ်လိုက်တော့ ကောင်မလေးလက်က ညိုကျသွားသလိုပဲ....။
နောက်တစ်ပုံကတော့ သူ့ပခုံးပေါ်စောင်းပြီးအိပ်နေတဲ့ သူ့ကောင်မလေးပုံဝါးတားတားလေး.....။
နောက်ဆုံးတစ်ပုံကိုကြည့်လိုက်တော့ကျတော့ ကုတင်ဘေးက စားပွဲပေါ်မှ တင်ထားတဲ့ ခဲပန်းချီလှလှလေး
ကျောပေးထားတဲ့ပုံလေးကို ရွှေရောင်ဘောင်လေးနဲ့အလှဆင်ထားတယ်ဆိုကတည်းက တယုတယထားသည့်ပုံပင်......။
မကြည့်တော့ဘဲ ပြန်ထွက်ပြီးခါမှ တစ်ခုခုမတင်မကျဖြစ်နေတာနဲ့ နောက်ဆုံးပုံကိုပြန်ကြည့်လိုက်မိသည်။
ကုတင်ပေါ်က ဖက်လုံး...။
ဓာတ်ပုံထဲမှာတစွန်းတစ်စပါနေတဲ့ ကုတင်ပေါ်က
ဖက်လုံးကိုတစ်နေရာရာမှမြင်ဖူးနေသည်။
သေချာပြန်စဥ်းစားကြည့်ရင်း ကြည့်ရင်း....
မဟုတ်မှလွဲရော.....။
ခဲပန်းချီကိုနောက်တစ်ခေါက်ပြန်ကြည့်တော့မှ
တစ်ယောက်ယောက်နဲ့တူနေသလိုပင်.....။
ဒီခန္ဓာကိုယ်ပုံစံက.....။
ဓာတ်ပုံတွေကိုသေချာပြန်ကြည့်ခါမှ ကောင်မလေးရဲ့မျက်နှာပုံပါတာ တစ်ပုံမှမရှိ...။
photoထဲကိုသွားရှာတော့လည်း ကောင်မလေးပုံဆိုတာ လုံးဝမတွေ့...။
စိတ်ထဲမသင်္ကါဖြစ်လာတာနဲ့ highlights ကကောင်မလေးပုံတွေကို အထပ်ထပ်အခါခါပြန်ကြည့်ရင်း ထူးခြားတာရှာမိသည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now