အပိုင်း (၂၉)

3.4K 224 36
                                    

Unicode.......




ကိုကြီးအနေနဲ့ ပထမဆုံးအလုပ်တက်တဲ့လမှာပဲ
သူ့ဌာနမှာဖြစ်လိုက်ရတဲ့ ပြဿနာတွေဆိုတာ
တစ်ပတ်တစ်မျိုးမရိုးရအောင်ပြန်ကြားနေရသည်။
ကိုယ့်အစ်ကိုက ဘာမှမသိလို့ခံလိုက်ရတာနဲ့
သိသိကြီးနဲ့ကို လက်အောက်ကဝန်ထမ်းတွေက ကလန်ကဆန်လုပ်ကြရတာနဲ့ အလုပ်စဝင်တဲ့
တစ်လလေးမှာကို သူ့ခမျာ ပြဿနာပေါင်း
တစ်သိန်းနှစ်သောင်းလောက်ကိုဖြေရှင်းနေရသည်။
အခုလည်း အဆင်မှပြေရဲ့လား ဖုန်းဆက်မေးရင်း
အခြေအနေကို လှမ်းထောက်ကြည့်နေမိသည်။
သူနဲ့ထိပ်တိုက်တွေ့မှာက မြသရဖီချစ်ဖြစ်နေတာနဲ့တင်ကို သူ့အစားကိုယ်က ရင်တုန်နေရပြီလေ။

''သူနဲ့က အဆင်ပြေပါတယ်
ငါ့ဆိုလည်း ဖေးဖေးမမနဲ့လုပ်ကူရှာပါတယ်''

''သူနဲ့အဆင်ပြေတယ်ဆို ပြီးတာပါပဲ
အလုပ်ထဲ ကြည့်ကျပ်နေနော်
နဂိုကမှ ကိုကြီးကိုဖြုတ်ချင်နေကြတာ''

''အေးပါ ညည်းကလည်း
ငါအခုတော်တော် နားလည်နေပါပြီဟ
မြသရဖီချစ်ကလည်း တော်တော်သင်ပြပေးတယ်''

''အေးပါ
ညီမလေးတောင် ဒီအပတ် မိုးကုတ်ဘက်သွားမလို့''

''အေးပါ အေးပါ
ဒါပဲလေ ငါလုပ်စရာတွေရှိသေးတယ်''

''ဟုတ်
ကြည့်ကျပ်လုပ်နော် လူပြောစရာဖြစ်မယ် ကြားလား''

''အေးပါဟာ ရှည်တာကို ဒါပဲ''

မြသရဖီချစ်က ဖေးဖေးမမကူညီတယ်ဆိုတာကြီးက နည်းနည်းတော့မယုံချင်စရာကြီးဆိုပေမဲ့
အဆင်ပြေနေပုံတော့ရပါတယ်လေ။
အိမ်ကအစ်ကိုကလည်း အလုပ်ဆိုရင် ဝါသနာပါတာနဲ့အလေလိုက်တာကလွဲပြီး ကောင်းကောင်းမလုပ်တတ်တာမို့ အမြဲတမ်းစိတ်ပူနေရသည်။

မြကိုယ်တိုင်ကလည်း တစ်ခုခုဆိုလူပြောခံရမှာစိုးတာနဲ့တင် ဆင်ခြင်နေထိုင်နေရသည်မဟုတ်လား။

ဒီတစ်ပတ်သောကြာနေ့က ကျောင်းမှာနေ့ခင်းပိုင်းအတန်းလည်းမရှိတာမို့ ကိုကိုနဲ့ဒိတ်မယ်ကြံထားပေမဲ့
မန္တလေးကဆိုင်ကိစ္စကြောင့် မပုံ့နဲ့အတူ မိုးကုတ်ဘက်ကိုလိုက်သွားရမည်ဖြစ်သည်။
ပထမဆုံးအတွေ့အကြုံမို့ ကိုကိုနဲ့ဒိတ်ဖို့ကို နောက်ရွှေ့လိုက်ကာ သောကြာနေ့ နေ့ခင်းကို မန္တလေးကိုပြန်ရလေမည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Hikayelerin yaşadığı yer. Şimdi keşfedin