အပိုင်း (၂၇)

3.8K 233 38
                                    

Unicode.......

''ဘေဘီ
morning.....
ဒီနေ့ ပြန်လာမှာမလား''

''အွန်း ကိုကိုနဲ့တွေ့ချင်တာ မစောင့်နိုင်တော့ဘူး''

တစ်ဖက်ကနေ ထွက်လာတဲ့အိပ်ချင်မူးတူးအသံလေးကြောင့် သူ့မှာ ပြုံးမိသွားသည်။
မနက် ၆နာရီဆိုတာ  သူ့အတွက် မစောပေမဲ့လို့
ဘေဘီ့အတွက်တော့ အိပ်ရာထဖို့ရာ စောနေသေးတယ်လေ။

''ကိုကို့ကို ပြောစရာတွေအများကြီးရှိတယ် သိလား
ဒါနဲ့ ကိုကိုအခုဘာလုပ်နေတာလဲ''

''gymခန်းမှာလေ နည်းနည်းသွေးပူအောင်လုပ်နေတာ''

''wait....wait
vc ခေါ်ရအောင်လေ ကိုကို''

''ရော်
ဘေဘီကအခုထိအိပ်ရာထဲမှာပဲမလား
အချိန်ရလို့လား''

''အချိန်ရတယ်
ဘေဘီ ကိုကို့မျက်နှာမြင်ချင်လာလို့''

ဒီချာတိတ် ရုတ်တရက်ကြီးဘာတွေထဖြစ်တယ်မသိ
ကောက်ကာငင်ခါ video callတွေထခေါ်လာသည်။
ဖုန်းကိုင်ကိုင်ချင်းမှာပဲ စောင်ပုံထဲမြုပ်နေသော ခေါင်းစုတ်ဖွားလေးနဲ့ ဘေဘီ့ ကိုတွေ့လိုက်ရသည်။
ဒီကလေးကတော့လေ ဘယ်လောက်ပူပူ အဲယားကွန်းကြီးဖွင့်ပြီး စောင်ခြုံအိပ်လိုက်ရမှ.....။

''ကဲ good morning ပါ ဘေဘီ''

''ဝါး....မိုက်လိုက်တာ ''

ပါးစပ်လေးဟကာ တဝါးဝါးဖြင့် အံ့သြသလိုပုံစံလေးလုပ်လာသည့်ချာတိတ်ကို ကြည့်ရင်း သူ့မှာအူယားလာသည်။

''ဘာလို့လဲ ဘေဘီရဲ့''

''ဘေဘီ့ကိုကိုက ကြည့်ကောင်းလွန်းလို့လေ
ချွေးတွေသံတွေနဲ့ကို ကြည့်ကောင်းနေလို့
ဒါနဲ့ ကိုကို အင်္ကျီဝတ်မထားဘူးလား''

''အင်းလေ ပူလို့''

''အဟမ်း....''

ချာတိတ်သည် အိပ်ရာပေါ်ကနေ ကုန်းရုန်းထလာကာကုတင်းခေါင်းရင်းကို ကျကျနနမှီထိုင်လိုက်သည်။
ထို့နောက် ဖုန်းထဲကိုသေချာစိုက်ကြည့်ကာ သူ့ကိုပြောလာသည်။

''ကိုကို ဖုန်းကိုနည်းနည်းဝေးဝေးမှာထားလိုက်''

''အမ်...ဘာလို့လဲ''

''ဟိုဟာလေ....
အမ်း....ဘယ်လိုပြောရမလဲ
ဟိုဟာလေ ပေါင်မုန့်ရှိလားကြည့်ချင်လို့''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now