အပိုင်း (၂၆)

4.1K 241 19
                                    

Unicode.......

''သေချာပေါက် ပင်ပန်းမှာဆိုပေမဲ့
ငါ့မြေးကလုပ်နိုင်မယ်ဆိုတာ သိတယ်
ငါကလည်း သက်သာနေပြီမို့ တစ်ခုခုမသိတာရှိရင်မေးလို့ရတယ်''

''ဟုတ်ကဲ့ ဘိုးဘိုး''

ကုတင်ပေါ်မှာ လဲလျောင်းလျက်ရှိသော ဘိုးဘိုးက ဘာဆက်ပြောမယ်မသိတာမို့ ဘေးနားမှာအသာထိုင်နေရင်း စားပွဲပေါ်က ပစ္စည်းတွေကို ညီအောင်စီပေးနေမိသည်။

''ရော့ ဒီမှာသော့
ဟိုးဘက် ဗီရိုကိုဖွင့်လိုက်
အပေါ်ထပ်အံလေးထဲမှာ စာအုပ်တွေရှိတယ် ယူခဲ့လိုက်''

သော့ကိုယူကာ ဘိုးဘိုးညွှန်ပြတဲ့ ဗီရိုထဲက စာအုပ်ဆိုတာတွေကိုသွားယူလိုက်သည်။
ဒိုင်ယာရီစာအုပ်လို စာအုပ်အထူနှစ်အုပ်အပြင်
သေချာစီထားသော ဖိုင်တွေကိုပါတွေ့တာမို့ တစ်ခါတည်း ယူလာလိုက်သည်။
ဘိုးဘိုးဆိီကိုပေးလိုကျတော့ တစ်ချက်လှန်ကြည့်ပြီး
စာအုပ်နှစ်အုပ်နဲ့အတူ ဖိုငျတခြျို့ကို မြကိုပေးလာသည်။

''ဖွင့်ကြည့်လိုက်''

ဖိုင်တွေကိုအရင်ဖွင့်ကြည့်လိုက်တော့ အပေါင်ခံစာချုပ်တွေနဲ့ ရှယ်ယာအလွှဲအပြောင်းစာချုပ်ဆိုတာတွေကို တွေ့လိုက်ရသည်။
ခေါင်းစဥ်တပ်ထားလို့သာ ဘာမှန်းသိရတာ
မြအနေနဲ့ အဲ့ဒါတွေကို သိပ်ပြီးတော့ နားမလည်ပေ။

''ငါ ကျန်းမာရေးဆိုးရွားလာတော့
ငါ့ကုမ္ပဏီကို မောင်ကျော်ထွဋ်ဆီကို  အပ်ထားခဲ့တယ်
ရလဒ်ကတော့ ငါတို့မိသားစုပိုင်ရှယ်ယာတွေကို
တတိတိနဲ့ရောင်းထုတ်နေတာပဲ
အပေါင်စာချုပ်တွေကတော့ သူတို့ လင်မယားအတွက် ငါတို့စုဆောင်းပေးခဲ့တဲ့ ပိုင်ဆိုင်မှုတချို့ပဲ''

''အာ....
ဘိုးဘိုးက ဒါကိုသိနေရက်နဲ့ ဘာလို့ ဘာမှဝင်မလုပ်တာလဲ
ဘွားထိုက်ကရော မသိဘူးလား''

''ညည်းအဘွားက အခြေအနေတစ်ခုအထိပဲသိတာ
သူ့ကိုအကုန်ပေးသိလို့မဖြစ်ဘူး
ငါနေမကောင်းတဲ့နောက် အသက်အရွယ်နဲ့မှမလိုက်
သူ့လုပ်ငန်းတွေကိုအမှားအယွင်းမရှိအောင် ထိန်းသိမ်းနေရတာ ဒါတွေပါသိရင် သူပါလဲကျသွားလိမ့်မယ်''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now