Dojin နှင့် Minjun တို့က Anniversary ကိုလည်းမမေ့မလျော့ဂုဏ်ပြုပေးကြသေးသည်။

"ကိုကို အာ..."

အသည်းအသက်ကကိတ်မုန့်တစ်ဇွန်းခွန့်ကျွေးလာတာမို့ Chanyeol စားလိုက်တော့ လျှာပေါ်ပျော်ဝင်သွားတဲ့ကိတ်မုန့်ရဲ့အရသာဟာ Hyunလေးနှုတ်ခမ်းပါးလိုပဲ နူးညံ့ပြီးချိုမြိန်သည်။

"Hyunလေးလည်းစား အာ..."

"ဟုတ် အာ..."

အပြန်အလှန်ကိတ်မုန့်ခွန့်ကျွေးနေကြတဲ့ သဲသဲကဲကဲစုံတွဲနှင့်ကွဲလွဲစွာပင် Dojin နှင့် Minjun ကတော့သူ့တို့ဝေစုကိတ်မုန့်ကို သူတို့ဘာသာဖြည်းဖြည်းချင်းဖဲ့စားနေကြပါသည်။

"ကိုကို Hyunက ကျောက်ပုဇွန်စားချင်တာ"

"အင်း ကိုကိုအခွံခွါပေးမယ်နော်"

လတ်လတ်ဆတ်ဆတ်ကျောက်ပုဇွန်ဟင်းလျာကိုအခွံခွါလိုက်တဲ့အခါ အထဲကထွက်လာတဲ့အသားတွေကမနည်းမနောပင်။အသားကိုတူဖြင့်ညှပ်ယူကာ ဆော့စ်လေးတို့ပြီး Hyunလေးကိုခွန့်လိုက်တော့ တမြုံ့မြုံ့ဝါးစားပါသည်။ဒီကလေး ပင်လယ်စာဆိုဘာဖြစ်ဖြစ်အကုန်ကြိုက်သည်။

"ကိုကိုလည်းစား"

"အွန်းး"

သူလေးအလိုကျစားလိုက်တော့ ကျောက်ပုဇွန်ရဲ့အထိအတွေ့ကဝါးလိုက်လျှင်ထုတ်ထုတ်ထုတ်ထုတ်ဖြစ်ပြီး စိမ့်တဲ့အရသာလေးပင်။

"Hyunက ဂဏန်းလည်းစားမှာ၊ ရေဘဝဲလည်းစားမှာနော် ကိုကို"

"ဟုတ်ပါပြီဗျာ"

ပင်လယ်ကိုစရောက်တဲ့နေ့ကတည်းက နေ့တိုင်းနီးပါးပင်လယ်စာပဲစားနေတဲ့ Hyunလေးကိုမတားချင်တာကြောင့် ညအိပ်ရာဝင်ခါနီးတိုင်း အစာအိမ်နှင့်ပတ်သတ်သည့်ဆေးတစ်မျိုးတိုက်ပြီးမှသာအိပ်ခိုင်းရသည်။ပင်လယ်စာတွေက ဘယ်လောက်လတ်ဆတ်ပြီးသန့်ရှင်းပါတယ်ပြောပြော အရမ်းစားလွန်းရင် ဘေးဖြစ်မှာစိုးတာကြောင့် Chanyeol မှာအစစအရာရာကြိုတင်ကာကွယ်ထားရပါသည်။

:

ဒီနေ့ကတော့ Chanyeol တို့နှစ်ယောက်တည်းရဲ့နေ့ကလေးပင်။Dojin နှင့် Minjun က မနက်စာစားပြီးသွားကြတာနဲ့ သူတို့အစီအစဉ်နှင့်သူတို့ထွက်သွားကြပြီဖြစ်သည်။နှစ်ရက်အတွင်းမှာ ကမ်းခြေအနှံ့အတော်လေးလည်ပြီးသွားကြပြီမို့ ထပ်သွားစရာထူးထူးခြားခြားနေရာလည်းမရှိတော့ပါ။

Warm Love (Completed)Where stories live. Discover now