"ယောက်ျားက Hyunရဲ့ယောက်ျားလေ၊ Hyunမွေးနေ့ကလည်း ယောက်ျားရဲ့မွေးနေ့ပဲပေါ့၊ ယောက်ျားက Hyunအစား မုန့်တွေကျွေးပေးရမှာ၊ ဒါမယ့် လက်ဆောင်ကတော့ Hyunပဲယူရမှာ ဟီးး"

"ဒါဆို ကိုကိုက လက်ဆောင်ပေးစရာလည်းမလိုဘူးပေါ့"

"ဟုတ်ဘူးလေ၊ လက်ဆောင်က ယောက်ျားလည်းပေးရမှာ၊ သူများတွေပေးတဲ့လက်ဆောင်ကိုလည်း Hyunကပဲယူရမှာ အဲ့လို"

"ဪ အဲ့လိုလား ဟားဟား.."

အတတ်ကလေးကို ချစ်အားပိုစွာဖြင့် ရင်ခွင်ထဲထည့်ကာ Chanyeol ဖက်ထားမိတော့သည်။

:

"Happy Birthday to you...

Happy Birthday to you...

Happy Birthday Dear Hyunလေး၊ Baekhyun...

Happy Birthday to you...."

"မွေးနေ့မှာ ပျော်ရွှင်ပါစေ Baekhyun"

"Happy Birthday Baekhyun"

"ကျေးဇူးတင်ပါတယ်"

Dojin နှင့် Minjun တို့ကမ်းပေးတဲ့လက်ဆောင်တွေကို Baekhyun ကပြုံးပြုံးရွှင်ရွှင်ဖြင့်ယူပြီး ကျေးဇူးတင်စကားလည်းမမေ့မလျော့ပြောပါသည်။

လက်ဆောင်ထုပ်တွေကို Baekhyun ချက်ချင်းပဲဖွင့်ကြည့်လိုက်တော့ Dojin ပေးတာက hoodie အင်္ကျီဖြစ်ပြီး Minjun ပေးတာက Nike တံဆိပ်ဖိနပ်အဖြူရောင်ဖြစ်သည်။

"ကိုကိုကတော့ ညကျမှပေးမယ်နော်"

"ဟုတ် ရပါတယ်၊ ကိုကိုက ဘယ်အချိန်ပေးပေး"

သူ့ကိုကို ကိုဆိုလျှင် သိတတ်လွန်းတဲ့ Baekhyun အား လက်ဆောင်ပေးမှ မွေးနေ့ကိတ်ကိုစိတ်ဖြောင့်ဖြောင့်ဖြင့်စားရမည့် Dojin နှင့် Minjun ကဘုကြည့်ကြည့်နေပါသည်။

"Dojin နဲ့ Minjun လိုတာရှိရင်လည်းထပ်မှာပါ"

"အခုတင် တော်တော်ပြည့်စုံနေပါပြီ"

"ဟုတ်တယ် Hyung"

Baekhyun ကလက်ဆောင်မျက်နှာကြောင့် ကိတ်မုန့်ကိုအတုံးကြီးကြီးလှီးပြီး Dojin နှင့် Minjun အားတစ်ယောက်တစ်ပန်းကန်စီသေချာချပေးပါသည်။ကျန်တဲ့ကိတ်မုန့်တုံးကြီးကိုတော့ သူနဲ့သူ့ကိုကိုဘက်မှာသာထားထားသည်။

"Happy 2years Anniversary ပါ Chanyeol"

"Congratulations Hyung"

"Thanks Dojin, ကျေးဇူးပါ Minjun"

Warm Love (Completed)Where stories live. Discover now