အခန်း (၂၉)

Start from the beginning
                                    

" ဟာဗျာ မေမေကလည်းဗျာ။ ဒါဆို ဒီလိုလုပ်ရင်ရော၊ မေမေက သားကို မျိုးဆက်ရစေချင်တာမလား။ သားတို့ ယံလေးတို့ရဲ့ ဂေဟာက ကလေးတစ်ယောက်လောက် မွေးစားလိုက်ရင်ရော မေမေ "

" မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့ ခေတ်သစ်။ မေမေလိုချင်တာ မင်းရဲ့သွေးသားစစ်စစ်ပဲ။ မေမေ့စိတ်ကို နားလည်ပေးပါလား သားရယ်။ သားက မေမေ့ရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်လေ။ သားကို မေမေ သိပ်ချစ်တယ်။ သား ပျော်နေရင် မေမေလည်း ပျော်တယ်။

ကိုယ့်သားသမီး မပျော်ရမှာကို ဘယ်မိဘက လုပ်ချင်မှာလဲ။ ဒါပေမယ့် သားရယ် မေမေ့ဆန္ဒကိုတော့ သားက နားလည်ပေးရင် သိပ်ကောင်းမှာပဲ "

‌ခေတ်သစ်လည်း ထိုင်နေရာမှ ထကာ ဒေါ်မြသွေး ပခုံးလေးကို အနောက်ကနေ သိုင်းဖတ်လိုက်လေသည်။

" သားလည်း မေမေကို သိပ်ချစ်ပါတယ်။ မေမေဟာ ကမ္ဘာပေါ်မှာ သားရဲ့ ပထမဦးဆုံး ချစ်ရတဲ့သူပဲလေ။ မေမေ့ကို အမြဲစိတ်ချမ်းစေချင်တယ်။ ပျော်စေချင်တယ်။ မေမေ ပြုံးပျော်နေတာပဲ သားကလည်း မြင်ချင်တာပါ။

ဒါပေမယ့် မေမေရယ်၊ သား ယံလေးကို သိပ်ချစ်တယ်။ သား နှလုံးသားက ပထမဆုံးဖြစ်လာတဲ့ ချစ်ခြင်းမေတ္တာက ယံလေးနဲ့မှ ဖြစ်လာခဲ့တာ မေမေရဲ့။ သား အရင်က မိန်းကလေးတွေနဲ့ ထည်လဲ တွဲခဲ့တာ မေမေလည်းသိတာပဲ။ သား ဘယ်သူ့ကို ချစ်ပါတယ် လို့ မေမေ့ကိုပြောပြတာကြားဖူးလို့လဲ။

သား နှလုံးသားက အလိုဆန္ဒကို သား မငြင်းပယ်နိုင်ခဲ့ဘူး မေမေ။ ယံလေးကို စွန့်ပစ်လိုက်ဖို့ တွေးမိလိုက်တိုင်းလည်း သား ဘယ်လိုမှ ခံစားလို့မရခဲ့ဘူး။

သား ယံလေးကို သိပ်ချစ်တယ် မေမေရယ်။ ဒီလိုပဲ မေမေကလည်း နားလည်ပေးရင် ကမ္ဘာပေါ်မှာ သားလောက် ပျော်ရွှင်ရဆုံးလူဆိုတာ ရှိမှာမဟုတ်တော့ဘူး "

ခေတ်သစ်စကားများကို ကြားတော့လည်း ဒေါ်မြသွေးမှာ နှုတ်ဆိတ်သွားရပြန်သည်။ သူမ၏ အတ္တနှင့် သူမ၏တစ်ဦးတည်းသော သားလေးပျော်ရွှင်မှုသည် တိုက်ရိုက်ဆက်နွယ်လာတော့ အတွေးများစွာဖြင့် ဆုံးဖြတ်ရခက်နေသည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now