Episode 6 ✓ Warning ∆

Start from the beginning
                                    

ထို့နောက် ကျောင်းထဲက ဆိုင်သို့ နှစ်ယောက်သား ရောက်သွားကာ သူ့တို့အားစောင့်နေသည့် ဝိုင်းထက် ဝင်ထိုင်လေရဲ့။

“မင်းတို့က ကြာလိုက်တာကွာ”

“ဟုတ်လား ကြာသွားလား”

စပ်ဖြဲဖြဲမျက်နှာနှင့် ပြန်မေးလာသည့် Ren ပါလေ။

“မင်းတို့ကို မိတ်ဆက်ပေးရဦးမယ် ဒါငါ့ကောင်လေး Ugh!”

Ren ရွှတ်နောက်နောက် စကားကြောင့် ခုံအောက်ကနေ သူ့ခြေထောက်အား ကန်ချလိုက်တဲ့ သူ့ဟာလေးကြောင့် သူ့မှဆက်မစရဲတော့။

“စတာ စတာ ဒါကငါပြောနေကြ Kane ဆိုတဲ့ ချာတိတ်ပဲ”

“မင်းတို့နှစ်ယောက် ဒီလောက်ထိ အဆင်ပြေသွားကြမယ်လို့ ထင်တောင်မထင်ထားဘူး Hey ကောင်လေး မင်းငါ့ကို မှတ်မိတယ်မလား”

Suga အမေးကြောင့် Kane တစ်ယောက် သူမှတ်မိဟန်နှင့် ခေါင်းညိတ်ပြလေရဲ့။

“ငါ့နာမည် Suga သူက စုံထောက် နာမည်က ပတ်ခ်ဂျီမင်တဲ့”

Suga မိတ်ဆက်ပေးမှုကြောင့် Kane တစ်ယောက် ဂျီမင်အား ခပ်ဖွဖွပြုံးပြလေရဲ့။ ဒီလိုနှင့် နေ့လည်စာ အတူတူစားကြကာ လေးယောက်သာ စကားကောင်းနေကြလေရဲ့။

“Hey ကောင်လေး မင်းလည်း ကျောင်းမှာ သတိထားပြီးနေဦး စုံထောက်ပတ်ခ် ပြောပုံအရဆိုရင် ဒီအမှု‌ရဲ့တရားခံက မင်းတို့ကျောင်းသားတွေထဲကပဲ”

Suga အပြောကြောင့် Kane ကခပ်စစတွေးတောလေသည်။ သူတို့ကျောင်းမှာ ဒီလောက်ကြီးတဲ့ လူသတ်မှု ဖြစ်နေတာတောင် ဘာကြောင့် သတင်းလေး နည်းနည်းတောင်မှ မထွက်ရသလဲ သူစဉ်းစားလို့တောင်မရပေ။ နာမည်ကြီး ကျောင်းသူ/သားတွေ သူဌေးသားသမီးတွေသာ တက်ရောက်သည့် ကျောင်းဆိုသည့်အတိုင်း ကျောင်းနာမည်မပျက်အောင် ဒီအမှု‌အား ဝိုင်းဖုံးထားကြသည့်ပုံပါပင်။

“Kane တစ်ခုခုဆို အစ်ကိုတို့ဆီ အကူညီတောင်းနိုင်တယ်နော် အမှန်အတိုင်း ပြောရရင် မင်းအစ်ကိုနဲ့ အခုလို တစ်ဝိုင်းထဲ ထိုင်နေရတာတောင် မင်းအတွက် အန္တာရာယ်များလှပြီ”

ဂျီမင်ပြောသည်မှာလည်း မှန်လှသည်။ ဂျီမင်လို နာမည်ကြီး စုံထောက် တစ်ယောက်က အခုလို ကျောင်းကို ရောက်ချလာပြီး Kane နှင့် တစ်ဝိုင်းနှင့် ထိုင်နေသည်မှာ Kane အတွက် အန္တရာယ်များလှသည်။

-THAT MAN- [Complete]Where stories live. Discover now