Episode 6 ✓ Warning ∆

Start from the beginning
                                    

“အခု သူတို့လည်း သွားပြီပဲ ဒါကြောင့် ကိုယ်နဲ့လိုက်ခဲ့ ကိုယ်မင်းကို ကိုယ့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်”

“စောနက လူနှစ်ယောက်လား”

“ဟုတ်တယ်”

ဒီလိုနဲ့ Kane တစ်ယောက် Ren ခေါ်ရာနောက်သို့ ပါသွားလေသည်။ နှစ်ယောက်သား အတူတူ ကျောင်းဝန်းထဲ ကပ်လျှောက်နေရင်းကနေ Ren သူ့ခြေလှမ်းတွေရပ်ပြစ်လိုက်ကာ သူ့ဘေး၌ ကပ်ရပ်ပါလာသည့် Kane အား တစ်ချက်လှည့်ကြည့်လေ၏။

“ဘာလို့ ဆက်မသွားတာလဲ Ren Senpai”

Kane အမေးကို Ren ဟာ ပြန်မဖြေဘဲ ရုတ်တရက်ဆိုသလို လူရှင်းနေသည့် ကျောင်းခန်း၏ ဘေးဘက်သို့ ‌‌ဆွဲခေါ်သွားသည်။ နောက်တော့ ‌Kane အား နံရံထက်ကပ်ပြစ်ကာ အပေါ်စီးကနေ ငုံ့ကြည့်လေရဲ့။

“Ren Senpai....”

ရုတ်တရက်ဆန်သည့် Ren အပြုမှုအား Kane သည် အနည်းငယ် လန့်လို့နေရှာသည်။ ထို့အပြင် သူတို့အခုရှိနေသည်မှာ ကျောင်းဝန်းထဲ ဖြစ်သည်မို့ သူတို့နှစ်ဦးအား တစ်ယောက်ယောက် မြင်သွားမှာကိုလည်း Kane စိုးရိမ်လို့နေလေသည်။

Ren ကတော့ Kane အား ငုံ့ကြည့်နေရင်းမှပဲ ထွက်သွားဖို့ပြင်နေသည့် Kane ၏ ခါးတွေအား ခပ်တင်းတင်း ဖက်ချလိုက်ကာ Kane ကျန်သည့် လက်တစ်ဖက်အား Kane မျက်နှာအား ဆွဲမော့လေသည်။ ပြီးသည်နှင့် ရဲတက်နေသည့် Kane ပါးပြင်လေးအား စိုက်ကြည့်ကာ မျက်လုံးတွေအား မှိတ်ချပြစ်လိုက်ပြီး ခပ်ဖွဖွ တစ်ချက် နမ်းလိုက်တော့၏။

Kane ပါးပြင်ထက် Ren နှုတ်ခမ်းပါး တိုးကပ်သွားသည်နှင့် Kane လက်တွေဟာ Ren အင်္ကျီထက် ခပ်ကျစ်ကျစ် ဆုပ်ကိုင်လာလေရဲ့။ ခပ်ကြာကြာ နမ်းထားပြီးချိန်မှာတော့ Ren ဟာ Kane နားအနားသို့ကပ်လာကာ စကားတချို့ဆိုလာလေသည်။

“မင်းရှက်နေတဲ့အချိန်ဆို သိပ်ချစ်ဖို့ကောင်းတာပဲ”

Ren စကားကြောင့် Kane ပါးပြင်ဟာ ပိုလို့တောင် ရဲတက်လာသည်။ ထိုမြင်ကွင်းကို မြင်ရသည့် Ren မှာတော့ အသည်းတယားယားနှင့် ခပ်ဖွဖွပြုံးကာ Kane လက်အား ဆွဲလိုက်ပြီး ထိုနေရာကနေ ခေါ်ထုတ်သွားလေတော့၏။

-THAT MAN- [Complete]Where stories live. Discover now