"အွန်းး.....Hyunက ဗိုက်နာလို့ အိမ်သာသွားတယ်၊ ပြီးတော့ မျက်နှာလည်းသစ်သေးတယ်၊ ရေကတော့ ယောက်ျားနဲ့မှချိုးမှာမို့လို့ Hyunကမချိုးဘူး၊ ယောက်ျားကို မြန်မြန်နှိုးချင်ပေမယ့် အရမ်းအိပ်ပျော်နေတော့ Hyunကမနှိုးချင်တော့ဘူး၊ အဲ့ဒါကြောင့် ဂိမ်းသုံးပွဲလောက်ဆော့လိုက်သေးတယ်၊ ဒါပေမယ့် Hyunတစ်ယောက်တည်းပျင်းလာတာနဲ့ ယောက်ျားကိုနှိုးလိုက်တာ၊ ယောက်ျားအိပ်ရေးဝလားဟင်"

"ဝပါ့ဗျာ၊ ညကလည်းအစောကြီးအိပ်ထားတာလေ၊ ဒါနဲ့ ဂိမ်းဆော့တယ်ဆိုတော့ မျက်မှန်တပ်တယ်မလား"

ထိုအခိုက် Hyunလေးက သူ့ကိုမျက်လုံးလေးပင့်ကာခိုးကြည့်လာခဲ့ပြီးမှ သူနဲ့အကြည့်ချင်းလည်းဆုံရော မျက်လွှာအမြန်ပြန်ချသွားတာမို့ Chanyeol အထာနပ်စွာပြုံးလိုက်မိသည်။သူ့ကလေးလေးက ဘယ်တော့မှမလိမ်တတ်ပါ။

"ဘာလို့ မျက်မှန်မတပ်လဲ"

"အွန်! Hyunက ခဏလေးကစားတာမို့လို့၊ အဲ့ဒါကြောင့်...."

"ဪ...ခဏလေးကစားရင် မတပ်ရဘူးပေါ့လေ၊ ဟုတ်လား"

Chanyeol မေးလိုက်တော့ အပေါ်စီးကနေမြင်နေရတဲ့ ခေါင်းလုံးလုံးလေးက တလှုပ်လှုပ်လေးဖြစ်နေသည်။မှန်ကြောင်း ခေါင်းလေးညိမ့်ပြီးထောက်ခံနေတာပင်။အဖြူမှာ အမဲရောင် highlight ဖောက်ထားတဲ့ ဆံပင်color ကလည်း ဘယ်လိုကြည့်ကြည့် Hyunလေးကို ပါပီပေါက်လေးပုံပေါ်စေပါသည်။Chanyeol လေသံမဆိုသလောက်လေးတင်းလိုက်တော့ ငြိမ်ကျသွားတာများသိသိသာသာ။ဒီကလေး Chanyeol ကိုကြောက်ချင်ယောင်ဆောင်တတ်လွန်းပါသည်။

"အင်း...မလိမ္မာတဲ့ကလေးကို အပြစ်ကတော့ပေးရမှာပဲ"

"ဟင်! ယောက်ျားကလည်း.."

ဆတ်ခနဲဆို နှုတ်ခမ်းလေးစူပြီးမော့ကြည့်လာတဲ့မျက်နှာလေးက ခပ်ငယ်ငယ်။Chanyeol ခပ်မြူးမြူးပြုံးလိုက်ရင်း

"လာ Hyunလေးရဲ့မျက်နှာကို ကိုကို့မျက်နှာအနားတိုးလာခဲ့"

"ဟုတ်..."

Chanyeol ရဲ့ရင်ဘက်ပေါ်လက်ဖဝါးလေးနှစ်ဖက်အားပြုထောက်ပြီး ခေါင်းလေးမော့ကာတဖြည်းဖြည်းတိုးလာရင်း နှာခေါင်းချင်းထိစပ်သွားတဲ့အချိန်မှာတော့ Hyunလေးကရပ်လိုက်သည်။အနီးကပ်မြင်နေရတဲ့မျက်ဝန်းညိုလေးတွေက မျက်တောင်တောင်မခတ်ဘဲ ပြူးကြောင်ကြောင်လေးဖြင့် Chanyeol ရဲ့မျက်လုံးဝိုင်းတွေကိုတန်ပြန်စိုက်ကြည့်နေပါသည်။နှာခေါင်းလုံးလုံးလေးကို Chanyeol ရဲ့နှာခေါင်းချွန်ချွန်တွေဖြင့် အသာအယာပွတ်ဆွဲလိုက်တော့ မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိ သဘောတကျပြုံးသည်။အသည်းအသက်လေးကိုကြင်နာဖို့ အချိန်မဆွဲချင်တော့တာကြောင့် နှုတ်ခမ်းပါးလေးကို သူ့နှုတ်ခမ်းထူတွေဖြင့် Chanyeol အလျင်အမြန်ပဲဆွဲယူနမ်းရှိုက်လိုက်တော့သည်။

Warm Love (Completed)Where stories live. Discover now