အခန်း (၂၇)

Comincia dall'inizio
                                    

" ဟားဟားဟား ချစ်ဖို့ကောင်းလိုက်တာ လွန်ပါလေရောကွာ။ ကဲ...မောင်က ချစ်လို့စတာ "

" ပုံရိပ်ကတော့ အတည်ပြောတာ "

ခွိကနဲ လက်လေးအုပ်ကာ ရယ်သွမ်းလိုက်သည်။

" ဟုတ်ပါပြီ...မောင့်အချစ်လေးရဲ့။ ဈေးထဲက အရင်ဆုံး တွေ့တာစားမယ်ကွာ "

မောင့်လက်‌ကလေးချိတ်ကာ ဈေးထဲသို့လမ်းလျှောက်လိုက်ကြပြီးနောက်တွင် လမ်းအနောက်ဘက်က မကြူ ခိုတောင်မုန့်တီဆိုင်လေးသို့ မတိုင်ပင်ဘဲ ရောက်သွားကြတော့သည်။

" အန်တီ မုန့်တီ တစ်ပွဲဘယ်လောက် "

" တစ်ပွဲ တစ်ထောင်...ငါ့တူ "

" ကျွန်တော့် မုန့်တီသုပ်တစ်ပွဲ၊ ဘယာကြော် နှစ်ခုပါထည့်မယ် "

စားချင်စဖွယ် ဘယာကြော်အကွင်းလိုက်ကြီးမို့ ပုံရိပ် လျှာပင်သပ်လိုက်မိသည်။ မန္တလေး၏ နာမည်ကျော် ခိုတောင်မုန့်တီဆိုင်လေးသည် လူများဖြင့် စည်ကားလျက်ရှိသည်။

" မောင်လေး ဘာဟင်းနဲ့စားမလဲ။ အမဲကြောလား၊ ကြက်သားနဲ့လား "

" အမဲကြောနဲ့ပဲ အန်တီ "

‌မုန့်တီသုပ်ကို အမဲကြော နူးနူးအိအိလေးနှင့် စားရသည့် အရသာကို ပုံရိပ် လွန်စွာမှ မက်မက်စက်စက် ရှိလှသည်။

" မောင် ဘာစားမလဲ "

" ကျွန်တော့်ကိုကျ ခေါက်ဆွဲအပြားသုပ်နဲ့ အမဲကြောနဲ့ပဲ ထည့်ပေးနော် "

ထို့နောက် နီးစပ်ရာထိုင်ခုံလေးတွင် ထိုင်လိုက်ကြပြီးနောက် ဈေးသည်ချပေးသည့် မုန့်ပန်းကန်များကိုယူကာစားလိုက်ကြသည်။

" မောင် ရခိုင်ငါးအူစီပေါင်းသုပ်လေး စားကြမလား "

" ပုံရိပ်သဘောလေ "

" အန်တီ ငါးအူစီပေါင်း တစ်ထောင်ဖိုးသုပ်ပေးနော်...ရခိုင်အရသာလေးနဲ့ စပ်စပ်လေး "

စားချင်စဖွယ် ရခိုင်သုပ်လေးသည် သူတို့ရှေ့ကို ရောက်လာသည့်အခါ ပုံရိပ်သည်တော့ ဟန်ပင်မဆောင်နိုင် ဆက်ခနဲ နှစ်ဖက်လောက် ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Dove le storie prendono vita. Scoprilo ora