အခန်း (၂၆) [Mature 21++🚨🚨🚨]

Start from the beginning
                                    

ထိုမှတစ်ဆင့် မို့မောက်နေသည့် မောင့်ရင်အုပ်ပြင်ကျယ်ကြီးဆီသို့ လက်ရောက်သွားသည့်အခါတွင် ပုံရိပ် စိတ်တို့ ဆထက်တိုး လှိုက်ဖိုခုန်လှုပ်ရပါ၏။ ရင်အုံတစ်ခု တစ်ခုသည် အလေးခန်းမတွင် လေ့ကျင့်မထားသည့်တိုင်အောင် အရွယ်အစားတူညီစွာ ပြန့်ကားလျက်ရှိပါ၏။ ထိုရင်အုံဆီ လက်နဲ့ထိမိသည့်အချိန်တိုင်း ပုံရိပ် စိတ်လှုပ်ရှားရသည်မှာ ယခုထိတိုင်အောင်ပင်။ စိတ်လိုလက်ရ ရှိသည့်အခါတိုင်း မောင့်ရင်ခွင်ကြီးထဲမှာ နစ်နေအောင် ခိုဝင်ချင်မိသည့်စိတ်တို့သည် မောင်နှင့် ပထမဦးဆုံး ဂေဟာမှာ အိပ်ခဲ့ရသည့် ညကတည်းပင်ဖြစ်ခဲ့ပါ၏။ ထိုရင်ခွင်မှာ မှေးစက်ခိုဝင်ရသည့်အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာ အောင်နိုင်သူတစ်ယောက်လို ဖြစ်မိရပါ၏။

မောင် ခဏတိုင်း ပြောဖူးသည့် ထိုစကားလေးတောင် သတိရမိပါသေးသည်။ * ပုံရိပ်ကို မောင်က ရင်အုပ်နှစ်ခုကြားထဲ ဘယ်သူမှ မမြင်အောင် ဖွက်ထားချင်တာ * ဆိုသည့် စကားလေးပင်။ နွေးထွေးစွာ စိမ့်ဝင်လာသည့် ထိုစကားစုလေးသည် ပြန်တွေးလိုက်မိသည့်အချိန်တိုင်း ကြည်နူးလှိုက်ဖိုစွာ။

အချိန်မည်မျှကြာအောင် ထိုရင်အုံဆီမှာ ပုံရိပ် လက်အစုံသည် ကိုင်ထားမိလဲ မသိတော့ပါ။ သတိရသည့်အချိန်မှ သူ၏လက်တို့ တုန်ရီနေသည်ကို သတိထားမိတော့သည်။ ချွေးသီးဥလေးများပင် လက်ဖမိုးပေါ်တွင် ခိုသီလျက်။

ထို့နောက် ရင်အုပ်နှင့်တစ်ဆက်တည်း အမြှောင်းလိုက် ပုံစံအတိအကျ ရှိနေသည့် ကြွက်သားခြောက်ခုကို လက်ရောက်သွားသည့်အချိန်တွင် ပုံရိပ်၏စိတ်တို့သည် ညွှတ်ခွေယိုင်ကျကာ ပိတ်မှောင်ကျသွားရတော့သည်။ အသည်းများ တရိပ်ရိပ် ယားကျိလာကာ ကြက်သီးများပင် ဖြန်းကနဲ ထားရသည်။ ဖုထစ်နေသည့် ကြွက်သားစိုင်များကို ထိကိုင်ရသည်မှာပင် အစားမစားရဘဲ ဗိုက်ပြည့်သွားသယောင်ပင်။ ရင်တလှပ်လှပ်ဖြင့် ခုန်လှုပ် လှိုက်မောရပါ၏။

" အို... "

စိတ်တောင့်တမိသည့်အခါတိုင်းတွင် ထိုကြွက်သားများကို အားပါးတရ ကိုင်လေ့ရှိသည်။ တစ်ခါတစ်ရံ ထမင်းစားနေရင်းပင် မောင်၏ အင်္ကျီကို ချွတ်၍ ကြွက်သားများကိုင်ကြည့်ချင်မိသည့်စိတ်တို့သည် မောင်နှင့် တိုက်ခန်းပြောင်းလာကတည်းကပင် ဖြစ်ပါ၏။ ထိုအခါမျိုးတွင် မောင်သည် ပုံရိပ်ကို ထမင်းခွံ့ကာ အင်္ကျီချွတ်၍ သူ၏ ကြွက်သားများပေါ်သို့ လက်နှစ်ဖက်ကို အလိုက်တသိ တင်ထားပေးလေ့ရှိပါ၏။ ထိုသို့သော အချိန်များတွင် အစားအများဆုံးစားသူသည် ပုံရိပ်သာ ဖြစ်သွားတတ်ပါ၏။ ထိုအဖုလိုက် အထစ်လိုက် ပုံသဏ္ဍာန်ကျနစွာ ဖြစ်‌တည်နေသည့် အညိုရင့်ရောင် ကြွက်သားမျှင်များသည် ပုံရိပ်တစ်ဦးတည်း အပိုင်သာ ဖြစ်ပါ၏။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now