" အခုချိန်မှာ နင်တို့သိရမှာက ငါကမှ ဝမ်ရိပေါ်ရဲ့သက်ဆိုင်သူအစစ်ပဲ ဟိုကောင်သာ ဖြတ်မလုခဲ့ရင် မြို့စားကတော်ရဲ့နေရာကို အစကတည်းက ငါရမှာ "

" ဘာပဲဖြစ်ဖြစ် ကျန့်ကောက ရှင်ထက်သာတယ် စိတ်လည်းမပုတ်ဘူး ရှင်လို့ အောက်တန်းလည်း မကျဘူး "

" ဟဲ့ နင်.....! "

" ဘာလဲ ခြိမ်းခြောက်မလို့လား မကြောက်ဘူးနော် မြို့စားဝမ်ရှိတယ် ရှင်ဒီလိုကိစ္စတွေ လုပ်ရင် မြို့စားဝမ်က လက်ပိုက်ကြည့်နေမယ်လို့ ရှင်ထင်နေတာလား အရူးပဲ "

" နင်... "

" ဘာဖြစ်နေကြတာလဲ ..!! အိမ်ထဲမှာ အော်ကြီးဟစ်ကျယ်နဲ့ ..!! "

မြို့စားဝမ်က လေသံမာမာနဲ့ဟစ်လိုက်တော့
လျှန်းအပြင် တစ်ခြားသူတွေလည်း ခေါင်းငုံသွားကြသည် ။

" ကိုယ့်အလုပ်ကို သွားမလုပ်ကြသေးတာလား
အားယားနေကြတာလား ...! "

" လာ သွားမယ် "

တစ်ခြားလူတွေ ထွက်သွားတော့ ဝမ်ရိပေါ်က သက်ပျင်းချကာ လျှန်းကို စိုက်ကြည့်လိုက်သည် ။

လျှန်းက

" ရိပေါ်ကလည်း သူတို့က ငါကို ဘယ်လောက်ပြောထားလဲနင်မသိလို့ "

" တစ်ခြားနာမည်ခေါ် ငါနာမည်က မင်းခေါ်ဖို့
မထိုက်တန်ဘူး "

" ဟာ ရိ‌....အင်း... မြို့စားဝမ် "

ဝမ်ရိပေါ်ရဲ့ခက်ထန်တဲ့အကြည့်တွေကြောင့်
လျှန်း နည်းနည်းပါးပါးတော့ ကြောက်ရသည် ။

" ဟို ရိပေါ် ကလေးမွေးရင်လေ နာမည်ပေးဖို့စဉ်စား‌...."

" မင်းလင်နဲ့သွားစဉ်စား ငါနဲ့မဆိုင်ဘူး "

" မြို့....မြို့စားဝမ်...... "

" အံ့ဩစရာမလိုဘူး မင်းဖတ်နေကြဝတ္ထုထဲကလို့ ငါက ခပ်တုံးတုံးဇာတ်လိုက်လည်း ဖြစ်မနေသလို့ ဗီလိန်လည်း ဖြစ်မနေဘူး "

" ........ "

" မင်းစဖန်တီးလိုက်တဲ့ဇာတ်လမ်းထဲကို ငါက အရံလူအဖြစ်နဲ့ ခဏသရုပ်ဆောင်ပေးတာပဲရှိတာ "

" အဲ့ဒါဆို..... "

" မိဖုရားကြီးက ငါကို ဖြုတ်ချချင်နေတာကြာပြီ
ရှောင်းကျန့်ရှိနေလို့သာ သူငြိမ်နေတာ "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now