(23)ဗီလာဧရိယာမှအိမ်တစ်လုံးကိုသိမ်းပိုက်ခြင်း

1.6K 208 0
                                    

Unicode

Translated by-Aki

Posted by-Lavender-no-ame

ဟဲဇီကျုံးရဲ့ခန့်မှန်းချက်ကနည်းငယ်လွဲခဲ့သည်။ ကမ္ဘာပျက်ကပ်ဖြစ်ပွားခြင်းကိုစစ်တပ်ကလျင်မြန်စွာတုံ့ပြန်ခဲ့သော်လည်းလူတိုင်းကိုတော့ချက်ချင်း မကယ်ထုတ်နိုင်ပေ။တစ်ဖတ်တွင်မူ၎င်းတို့ပြန်လည်ဆုတ်ခွာရန်စီစဉ်ထားသည့်နေရာကိုသာမာန်လူများ မသိနိုင်ပေ။သူ့တို့တပ်စွဲထားသည့်နေရာသည်Aမြို့ရဲ့မြောက်ဘတ်မှာရှိတဲ့Aမြို့ဟောင်းခံတပ်မှာဖြစ်သည်။

Aမြို့၏ထိပ်တန်းဦးစားပေးအဖွဲ့အစည်းတွေနဲ့စစ်တပ်သည်အန္တရယ်ကျရောက်သည်နှင့်တစ်ပြိုင်နက် ထိုနေရာကိုဦးစွာရွှေ့ပြောင်းသည်မှာသဘာဝပင်ဖြစ်သည်။

သို့သော်ကမ္ဘာပျက်ကပ်မှာရုတ်ချည်းစတင်ခဲ့သည်။လူဦးရေ၏ထက်ဝက်ခန့်သည်ဗိုင်းရပ်စ်ကြောင့် ချက်ချင်းသေဆုံးသွားသည်သာမကပို၍ ကြောက်စရာကောင်းသည်မှာအခြားသတ္တဝါများပင်လျှင်အတိုင်းအတာတစ်ခုထိကူးစက်ခံရခြင်းဖြစ်သည်။ကြောက်မက်ဖွယ်ရာကောင်းတဲ့ဇွန်ဘီတိရိစ္ဆာန် များသည်အစပိုင်းမှာတင်ကိုလူသားဇွန်ဘီတွေနဲ့ မနှိုင်းယှဉ်လောက်အောင်ပိုပြီးတော့ကြောက်စရာ ကောင်းသည်။

သူတို့ရွှေ့ပြောင်းဖို့စီစဉ်ထားသည့်အခြေစိုက်စခန်းသည်လုံခြံမှုရှိသောအခြေခံအဆောက်အအုံများဖြစ် ပြီးတိုင်းပြည်ထဲတွင်ဒုတိယတစ်ခုမရှိနိုင်ပေ။၎င်း အခြေစိုက်စခန်းသည်တောင်ပေါ်တွင်တည်ဆောက်ထားခဲ့သည်။

ကမ္ဘာပျက်ကပ်၏ပထမနေ့တွင်စစ်တပ်သည်ဇွန်ဘီတွေရဲ့တည်ရှိမူကိုရှာဖွေတွေ့ရှိခဲ့သည်။ခြွင်းချက်မဟုတ်ကြောင်းအတည်ပြုသည့်သုံးရက်မြောက် နေ့အထိမရောက်သေးပေ။တောင်ပေါ်တွင်ဇွန်ဘီ မည်မျှရှိသည်ကိုအတည်ပြုရန်မဖြစ်နိုင်သေးသော ကြောင့်အသေအပျောက်များခြင်းကိုရှောင်ကြဉ်ရန်အတွက်သူတို့ကနေရာပြောင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။သူတို့ပြောင်းခဲ့သည့်နေရာမှာယခုဟဲဇီကျုံးနှင့် အခြားသူများရောက်ရှိနေသည့်ဂပုံသဏ္ဌန်မြစ်ဖြင့် ကာကွယ်ထားသောမြို့သစ်ခရိုင်သို့ဖြစ်သည်။

ပြန်လည်မွေးဖွားပြီးနောက်အချစ်လေးဖန်ဟောင်နှင့်ကမ္ဘာပျက်ကပ်နေ့ရက်များဆီသို့Where stories live. Discover now