Chapter-72

646 83 0
                                    

Unicode

ကောပင်းကထိုလူ(ဂိုဒေါင်ထဲကအသားစားတဲ့လူပါ)ပြောသောအခါမတိုက်ခိုက်ခဲ့ပေမယ့်ထိုလူမျက်နှာကိုတော့တက်နှင်းထားခဲ့သည်။ဘယ်လောက်ဘဲသူ့ခက်ခဲခဲရုန်းကန်နေပါစေသူ့မလွတ်မြောက်နိုင်ပေ။ "မင်းကဝက်လားတစ်လအတွင်းမှာတစ်ယောက်တည်းနဲ့လူခုနစ်ယောက်ကိုစားပစ်တယ်"

ရုန်းကန်နေဆဲထိုလူသည်ငိုယိုအော်ဟစ်ကာဖြင့်"မဟုတ်ပါဘူး၊အဲ့လိုမဟုတ်ပါဘူး၊.လူသားစားချင်တယ်လို့သူတို့ကအရင်စပြောတာပါဒီဒီနေရာမှာက စားဖို့အတွက်ဘာမှမရှိတော့."

ထိုလူကလည်းကံမကောင်းခဲ့ပေ။ကမ္ဘာပျက်ကပ်ဖြစ်သောနေ့သည်သူတို့ကုန်ပစ္စည်းပို့ဆောင်မူတစ်ခုအတွက်စောင့်ဆိုင်းနေသောနေ့ဖြစ်ခဲ့သည်။အရမ်းနောက်ကျနေပြီးသူ့ဠေးရဲ့ကစားစရာလေးကလည်းအတူရှိနေသောကြောင့်သူဌေးကဒီမှာတစ်ညနေဖို့ဆုံးဖြတ်ခဲ့ပြီးမနက်ဖြန်မှာကုန်ပစ္စည်းတွေနဲ့မြို့ကိုပြန်မှာ ဖြစ်သည်။ကမ္ဘာပျက်ကပ်ကရုတ်တရက်ဖြစ်လာမယ်လို့ဘယ်သူသိခဲ့မှာလဲ?ကုန်ပစ္စည်းသယ်ဆောင်ဖို့အတွက်စောင့်နေတဲ့အလုပ်သမားနှစ်ယောက်ကဇွန်ဘီဖြစ်လာခဲ့ပေမယ့်ကံကောင်းစွာဖြင့်အခြားအလုပ်သမားရဲ့အားထုတ်မူကြောင့်သူတို့သတ်နိုင်ခဲ့သည်။

သူတို့ဇွန်ဘီတွေကိုဖြေရှင်းပြီးနောက်အပြင်မှာ ကမ္ဘာကြီးတစ်ခုလုံးပရမ်းပတာဖြစ်နေတာကိုတွေ့ရှိခဲ့ပြီးအရမ်းကြောက်ရွံ့ခဲ့ကြသည်။လူသားစားတဲ့ဇွန်ဘီတွေကနေရာတိုင်းတွင်ရှိသည်။အဖွဲ့လိုက်ဆွေးနွေးပြီးနောက်မြို့တစ်မြို့လုံးကပရမ်းပတာဖြစ်နေလွန်းသဖြင့်သူတို့မထွက်ခင်အခြေနေကိုစောင့်ကြည့်ရန်ဂိုဒေါင်ထဲတွင်ယာယီနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြသည်။

ဂိုဒေါင်အပြင်ဘက်တွင်လှည့်လည်နေသောဇွန်ဘီ များပိုများလာခဲ့သည်။လူသားတွေရဲ့ရနံသည်ပတ်ပတ်လည်ကဇွန်ဘီတွေကိုဆွဲဆောင်နေခဲ့ပြီးထွက်ခွာရန်ငြင်းဆိုနေခဲ့ကြသည်။အချိန်တစ်ခုလောက်ကြာ ပြီးနောက်သူတို့သည်မည်သည့်အစားအစာကိုမှထွက်မရှာသောကြောင့်သူတို့ရဲ့အစားအစာများပျက်လပ်သွားပြီးသူဌေးရဲ့ကစားစရာလေးကသူ့ဌေးကိုသွေးထိုးခဲ့ပြီးသူ့တို့ရဲ့အာရုံကလူသားအသားဆီသို့ပြောင်းလဲသွားခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက်အချစ်လေးဖန်ဟောင်နှင့်ကမ္ဘာပျက်ကပ်နေ့ရက်များဆီသို့Tempat cerita menjadi hidup. Temukan sekarang