Chapter-66

759 98 0
                                    

Unicode

တစ်ညလောက်အနားယူပြီးနောက်ဟဲဇီကျုံးနှင့် ဖန်ဟောင်သည်နောက်တစ်နေ့မနက်ခင်းအစောတွင်ကားပေါ်တက်ရန်အဆင့်သင့်ဖြစ်သည်။ဖန်ဟောင်ကသူ့လက်မောင်းထဲတွင်လွယ်အိတ်တစ်လုံးကိုင် ထားရဆဲဖြစ်ပြီးအထဲတွင်နေရာလွတ်ထဲဝင်ဖို့ငြင်းဆန်နေတဲ့သွမ့်ဇီရှိနေသည်။ဘာဘဲဖြစ်ဖြစ်အဲ့တာက မားမားရဲ့လက်မောင်းထဲမှာဘဲမဟုတ်ဘူးလား?

သူ့ကိုယ်တိုင်လမ်းလျှောက်ရန်မလိုတဲ့သွမ့်ဇီသည် ဖန်ဟောင်ရဲ့ပွေ့ဖတ်မူကိုခံစားရင်းမျက်လုံးလေးကိုမှေးစင်းထားသည်။ညဘက်တွေမှာသူကိုမခေါ်ဘဲရေချိုးခန်းထဲမှာဂိမ်းကစားဖို့ဘယ်သူပြောခဲ့လို့လဲ?နေ့တစ်ချိန်လောက်သူ့ကိုပွေ့ဖတ်ထားတာဘာဖြစ်မှာမို့လို့လဲ?

Samsaraအသင်းရှိရာအဆောက်အဉီးအောက်ထပ်သို့သူတို့စုံတွဲရောက်သောအခါအသင်းထဲက လူအများစုလည်းနေရာယူထားကြသည်။Samsaraရဲ့ဘေးတွင်ကားတစ်ဒါဇင်နီးပါးရှိနေပြိးယခင်ကထက်အရေအတွက်အနည်းငယ်ပိုများပုံရသည်။ကား အားလုံးနီးပါးသည်စွမ်းရည်မြင့်အကြမ်းခံပြီးကြံခိုင် သောအမျိုးအစားဖြစ်သည်။

ဟဲဇီကျုံးတို့ရောက်လာတာကိုမြင်သောအခါလျိုကျန့်ဖုန်းသည်ဓာက်ဆီတစ်စည်နဲ့ရောက်လာသည်" မင်းတို့စည်ဖြည့်ကြမလား?"

"၇၀%လောက်ရှိတယ်"

"အဲဆိုလည်းငါတို့လမ်းမှာနားမှပြန်ဖြည့်ကြတာပေါ့"သူ့ကပြောရင်းနဲ့သူလက်ထဲကwalkie-talkie(လမ်းလျှောက်စကားပြောစက်)ကိုပေးလိုက် ပြီးလှည့်ကာဘေးနားကကားဆီသို့လျှောက်သွားလိုက်သည်။ဖန်ဟောင်သည်လျိုကျန့်ဖုန်းလက်တစ်ဖက်ထဲဖြင့်ကြီးမားသောသံစည်ပိုင်းကြီးကိုပေါ့ပေါ့ပါးပါးသယ်ထားတာကိုကြည့်ပြီးဖန်ဟောင်ကတိတ်တဆိတ်အံဩသွားသည်။"ခွန်အားစွမ်းအားရှင်တွေရဲ့ ခွန်အားကအံ့ဩစရာဘဲ"

"အဲဒါကြောင့်သူ့ကအလုပ်ကြိုးစားဖို့တာဝန်ရှိတယ်"ဟဲဇီကျုံးကရီလိုက်ပြီးဖန်ဟောင်ဆံပင်လေးတွေကို ဖွလိုက်သည်။

ကျန်နေတဲ့အသင်းသားတွေရောက်ဖို့အတွက်အချိန်သိပ်မကြာလိုက်ပေ။ကားတစ်စီးတွင်အနည်းဆုံးလူနှစ်ယောက်ရှိပြီးအရေးပေါ်အခြေနေတွင် အလှည့်ကျမောင်းနှင်ရန်ပြင်ဆင်ထားသည်။အကုန်လုံးအသင့်ဖြစ်နေပြီဆိုတာသေချာအောင်လုပ်ပြီး နောက်အင်အားကြီးမားသောတစ်စုတစ်စုလိုမျိုး အသင်းသည်အရှေ့ဘက်ဂိတ်သို့မောင်းနှင်သွားသည်။

ပြန်လည်မွေးဖွားပြီးနောက်အချစ်လေးဖန်ဟောင်နှင့်ကမ္ဘာပျက်ကပ်နေ့ရက်များဆီသို့حيث تعيش القصص. اكتشف الآن