အပိုင်း( 31)U/Z

En başından başla
                                    

ဒီလိုသာပြောရတာ နှိုင်းကိုယ်တိုင် ကလဲ မင်္ဂလာမဆောင်ဖူးပါ။တည်တံ့နဲ့ယူခဲ့ရတာ  အိမ်မှာလက်မှတ်ပဲ ထိုးခဲ့ရတာမလား။ ဝမ်းနည်းလားဆို ဝမ်းမနည်းပါဘူး အခြေအနေချင်းကလဲ မတူဘူးလေ။အားတော့အားကျပါတယ် တိမ်ယံနဲ့သစ္စာက သူငယ်ချင်းတွေကနေ လက်ထပ်ယူခဲ့တော့  တစ်ယောက်အကြောင်းတစ်ယောက်သိသည်။

"အင်းအဲ့လိုဟုတ်မယ်ထင်တယ် ...ပြီးတော့ ..ငါကရည်စားတောင်မထားဖူးဘူးလေ..."

သစ္စာအပြောကို နှိုင်းခေါင်းညိတ်ပြလိုက်သည်။ သူရည်းစားမထားနိုင်အောင် တိမ်ယံနဲ့ နှိုင်းပေါင်းပြီးလုပ်ခဲ့တာကိုတော့မပြောပြတော့ပါ  တော်ကြာ အာဗြဲကြီးနဲ့အော်နေဦးမယ်။သူငယ်ချင်းဘဝနဲ့တောင် တိမ်ယံကိုအနိုင့်ကျင်တဲ့ သစ္စာကို မိန်းမတော်ရမှာကို  တိမ်ယံ အတွက်မတွေးရဲစရာဖြစ်သည်။

" မကောင်းဘူးလားကိုယ့်သူငယ်ချင်းကို ယောက်ျားပြန်တော်ရတာ..."

"မကောင်းပါဘူး...ငါကသူ့ကိုလင်ယူစေချင်ခဲ့တာလေ...."

"နင်ယူစေချင်လဲ..မရတော့ဘူး
ခဏနေ နင်နဲ့ယူတော့မှာ..."

"ငါသိပါတယ်...."

" သွားတော့မယ်ခဏနေ နင့်ယောက်ျားလွှတ်လိုက်မယ်...."

"ဘာ..ဘာကိုနင့်ယောက်ျားလည်း
မယူရသေးဘူး...."

"ဟုတ်လို့လား...တိမ်ယံမူးတဲ့နေ့က နင့်ဆီလာအိပ်တာဆို..."

"နင်ကိုဘယ်သူကပြောတာလဲ...တည်တံ့မလား....တွေ့မယ်အဲ့ကလေးမဟုတ်တာတွေလျှောက်ပြောနေတာ...ရိုးရိုးအိပ်တာ...

"ငါကရိုးရိုးတွေဆန်းဆန်းတွေမပြောမိဘူးနော်..နင့်ဘာသာ...အိုးမလုံအုံပွင့်တာ..."

"နှိုင်း...နင်နော်..."

"မငိုပါနဲ့စတာပါ...ငါကသိတယ်ဆိုတာပြောပြတာသွားပြီ..."

" အေးပါစထား...နင်လည်းဒီတစ်ဗိုက်ထွက်ပြီး..တည်တံ့လက်ချက်ကြောင့်နောက်တစ်ဗိုက်ထွက်ပါစေဆုတောင်းပေးတယ်..."

"အေးနင်လည်းတိမ်ယံကြောင့် မြန်မြန်ထွက်ပါစေ...ဟွန့်သွားပြီ..."

သစ္စာကိုမျက်စောင်းထိုး၍  ထွက်သွားသော  ဗိုက်ဗိုက်ကိုကြည့်၍  သစ္စာမှာမရယ်ပဲမနေနိုင်ပါ။  နှိုင်းဗိုက်က  5 လကျော်ထဲမှာဖြစ်၏  မွေးဖို့ရက်က တဖြည်းဖြည်းနီးကပ်လာတာနဲ့   ဗိုက်ကလည်းထွက်ထွက်လာတော့ ဆူဆူလေးဖြစ်နေသည်။ တီတီကိုတော့ ခုလိုအချိန်မှာအားလုံးလွမ်းနေရတာဖြစ်သည်။

Doctor  Husband (Complete)Hikayelerin yaşadığı yer. Şimdi keşfedin