1။

18.6K 519 49
                                    

အောက်အီးအီးအွတ်.....

ဖူးး ဖူးး ဖူးး

ရွာဉီးကျောင်းမှအုန်းမောင်း ခေါက်သံလေးချက်တိ၊လင်းကြက်တွန်သံကြားပြီသည်နှင့်အတူ နွားများ၏နှာသံတစ်ဖူးဖူးမှုတ်သံကိုပါတစ်ဆက်တည်းကြားလိုက်ရသည်။ပုံမှန်နိုးနေကြဖြစ်သည့်အပြင် တစ်နေ့တာရဲ့ထုံးစံအတိုင်းကျင့်ဝတ်များကိုစတင်လုပ်ဆောင်တော့မည်။ဘက်ထရီကိုအားကိုးကာ ထွန်းထားသောမီးလေးမှာ အိမ်ထဲတွင်ဝင်းထိန်နေလေသည်။

ခါးစပ်နားမရောက်တရောက်ဆံနွယ်ရှည်များအား အသာအယာပြင်စီးလို့ ညကဝတ်ထားသည့်တီရှပ်အဖြူလေးနှင့်ဒူးတိဘောင်းဘီတိုလေးအစား လွယ်ကူစွာထုတ်ထားသော ထဘီနှင့်အကျီအားဝတ်လိုက်သည်။ထို့နောက် အိပ်ယာခင်းအားခေါက်သိမ်းလိုက်သည်။

သပ်ရပ်ပြီဆိုကာမှ တစ်ဖက်အခန်းသို့တံခါးဖွင့်လိုက်သောအခါ ကုတင်ပေါ်တွင်ခြင်ထောင်ချလျက်သား။ဒါဆို အမေ အိပ်နေတုန်း။တံခါးအားအသာအယာပြန်ပိတ်ကာ အိမ်နောက်ဘေးရှိ အုတ်ကန်ဆီဉီးတည်ခဲ့သည်။မှောင်ရိပ်သမ်းနေသော်လည်း အိမ်တိုင်းအိမ်တိုင်း၏ကြက်တွန်သံများ၊နွားနှာမှုတ်သံများ၊အိုးခွက်ပန်းကန်ကိုင်သံများကိုကြားနေရပေသည်။

ဒါဟာ "ဇွန်ရုံပင်" ရွာလေးရဲ့ဓလေ့တစ်ခုပင်။ဘာကြောင့် ဤနာမည်ပေးသလဲဆို ရွာ၏အဝင်မှစ၍တွေ့ရသည်များမှာ ဇွန်ပန်း၊ဇွန်ရုံများရှိသောကြောင့်ပင်။

အနည်းငယ်ဖောင်းနေသော ပါးအိအိလေးများမှာ ရေစက်များ၏ပွတ်တိုက်ခြင်းကိုခံလိုက်ရသည်။တစ်ဆက်တည်း ရှည်လျားကော့စင်းသောမျက်တောင်ရှည်များမှာလည်း ရေစက်များခိုတွဲသွားသည်။

သဘာဝအတိုင်း‌ရဲရဲလေးဖြစ်နေသောနှုတ်ခမ်းနှင့် သွယ်တန်းနေသောမျက်ခုံးတန်းလေးများမှာ အိပ်ယာထကာစသူတစ်ဉီး၏ပင်ကိုအလှဟုတင်စားရမည်လား။
သေချာကြည့်မည်ဆိုပါလျှင် မွေးညှင်းနုနှုတ်ခမ်းမွှေးရေးရေးလေးအားတွေ့ရပါလိမ့်မည်။ပုံမှန်အတိုင်းဆို မသိသာ။သေချာကြည့်ပါမှသာလျှင်။

မျက်နှာသစ်သန့်စင်ပြီး ရုန်း မီးဖိုခန်းထဲသို့ဝင်၍မီးမွှေးဖို့ပြင်လေသည်။မီးမမွှေးခင် ဆန်အရင်ဆေးလိုက်သည်။ပြီးမှမွှေးကာ ထမင်းအိုးတည်ထားလိုက်သည်။မီးမတောက်သောကြောင့် ခေါင်းကိုစောင်းယပ်ခတ်လိုက်ရာမှ ပခုံးကိုကျော်၍ကျလာသောဆံနွယ်ရှည်များကို ဖြူဖွေးသွယ်တန်းနေသည့်လက်ကလေးဖြင့်တစ်ချက်ခါလိုက်ပုံမှာ နန်းဆန်စွာ......။

အချစ်ဉီးမို့ ရူးရသည်Where stories live. Discover now