" ကောင်းတာပေါ့ ငါအရမ်းကြားချင်တဲ့စကားလေးပဲလေ နောက်ဆုံးတော့ ကြားခဲ့ရပြီ "

" အင်း ဖန်း...! "

" ရှိပါတယ် မြို့စားဝမ် "

" စာချုပ်ပေးလိုက် "

ဖန်းက စာချုပ်တစ်ခုကို ရှောင်းကျန့်ရှေ့ကို ထုတ်ပေးသည် ။ ပြီးကျ ထွက်သွားသည် ။

" ခင်ဗျား တံဆိပ်နှိပ်လိုက်တာနဲ့
မြို့စားကတော်မဟုတ်တော့ဘူး "

" တကယ်ကြီးပေါ့လေ "

" ဘယ်နှစ်ခါ မေးနေမှာလဲ "

" Fuckပဲ ပေး....! "

ရှောင်းကျန့် စာရွက်ပေါ်ကို တံဆိပ်နှိပ်ပေးလိုက်သည် ။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို လက်ဆွဲနှုတ်ဆက်ကာ

" ကောင်းသောတွေ့ဆုံခြင်း ဖြစ်ခဲ့ပါတယ် "

" အေး "

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပြုံးပြလေသည် ။

" တကယ်လို့ ခင်ဗျားစိတ်ရှိရင်
ဒီအိမ်မှာ ဆက်ပြီး....."

" နေချင်စိတ်မရှိပါဘူး က‌လေးလည်း ထိန်းပေးချင်စိတ်မရှိဘူး "

" ....... "

" အခုဆို ငါတို့က မသက်ဆိုင်တော့ဘူးမလား "

" အင်း ရှောင်းနိုင်ငံကို ပြန်မ‌လား "

" မင်းနဲ့မဆိုင်ပါဘူး "

" ......... "

" မင်းနဲ့ပြောချင်စိတ်မရှိတော့ဘူး နောက်ဆုံးအနေနဲ့ စကားအနည်းငယ်တော့ ပြောခဲ့မယ် မြို့စားဝမ် မင်းကလေ "

" ......... "

" စိတ်ကုန်စရာနဲ့စိတ်ပျက်စရာကောင်းတဲ့လူပဲ
အစကတည်းက ငါကို လက်လွှတ်ပေးခဲ့သင့်တာ "

" ........ "

" အမှန်တိုင်းပြောရရင် မင်းပြောခဲ့တဲ့စကားတွေက‌ ငါအတွက်ရင်ခုန်စရာ စကားတစ်လုံးမှ မပါဘူး "

" ရပြီ ခင်ဗျား သွားတော့ "

" နောက်ထပ်စကားတစ်ခွန်းကျန်သေးတယ် "

" ......... "

" ရှောင်းကျန့်ဆိုတဲ့ကောင်လေးက မင်းကို
အရင်ကတည်းက မချစ်ခဲ့သင့်ဘူး ဘာလို့ဆို မင်းဒီနေရာရောက်ဖို့အတွက်နဲ့ သူက အသုံးချခံလေး ဖြစ်ခဲ့လို့လေ မြို့စားမင်းဝမ်ရိပေါ်ရဲ့ "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now