"ဆရာ အရှိန်လျှော့ပါအုံး။
ရှေ့မှာမီးပွိုင့်ရှိတယ်ဆရာ"မခင်မူဆီကဖုန်းပြန်လာပြီးတာနဲ့ရုံးကနေအိမ်ကိုသူကိုတိုင်သာကားမောင်းပြီးပြန်လာကျလေသည်။
ဆရာ့မျက်နှာထက်မှာစိုးရိမ်ခြင်းများစွာနဲ့ကားကိုအရမ်းမောင်းနေပုံကြောင့်နေလဘေးကနေတားရလေတော့သည်။
နေလပြောသည်ကိုလည်းဂရုမစိုက်ပဲသူမောင်းသည့်နှုန်းတိုင်းမောင်းလေတာကြောင့်
နေလမှာလည်းဘာမှဆက်မပြောရဲတော့တာကြောင့်အနားကနေဘုရားတရင်းပါခဲ့ရတော့သည်။"မခင်မူ! သူဘယ်မှာလဲ"
"အပေါ်ကိုအစောထဲကတတ်သွားတာဆင်းမလာဘူးဆရာ။
တံခါးကိုလော့ချထားတယ်"မခင်မူ စကားကြောင့်ကိုယ်အပေါ်ထပ်ကိုအပြေးတတ်ခဲ့ပြီးရုံးခန်းဆီအရင်ဝင်ခဲ့ရလေသည်။
စားပွဲအောက်မှာထည့်ထားသည့်ကိုယ့်အခန်းသော့ပိုကိုယူပြီးအခန်းဘက်ဆီအပြေးလာခဲ့မိသည်။"ကလေး ကလေး!
အခန်းတွင်းမှာရှိမနေတာကြောင့် ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်ချိန်ရေဇလားထဲမှာမေမျောနေလေသူကြောင့်ကိုယ်မျက်လုံးများပြာဝေကုန်မိတော့သည်။
အမြန်ဆွဲပွေ့ချီပြီးကုတင်ခြေရင်းအောက်နားကိုချပြီး အဝတ်စားတွေအကုန်ဆွဲချွတ်ချလိုက်လေသည်။တကိုယ်လုံးအေးစက်နေသည့်ကိုယ်လေးကိုကုတင်ပေါ်ပြန်ပွေ့ချီပြီးနောက်
စောင်ထူထူနဲ့ပတ်လိုက်ပြီးကိုယ်ပွေ့ဖက်ထားလိုက်လေသည်။မျက်နှာတစ်ခုလုံးဖြူစုတ်ကာနေသောကြောင့်ကိုယ်ရင်တွေပူလောင်ကာနေမိတော့လေသည်။
အနားမှာရှိတဲ့သူမဖုန်းဖြင့်နေလကိုဆက်လေကာ။"ဆရာဝန်အခုချက်ချင်းခေါ်နေလ!
အခုချက်ချင်း""ဟုတ်ကဲ့ဆရာ"
ဆရာ့အသံမှာတုန်ရီနေသောကြောင့် နေလမှာပါထိုင်နေရာမှယောင်ယမ်းကာထရပ်မိတော့သည်။
ဆရာ့မိန်းခလေးဘာများဖြစ်လို့လဲ။
ဆရာဒီလောက်ထိကိုကြောက်လန့်တကြားဖြစ်နေတာနေလတစ်ခါမှမတွေ့ခဲ့ဖူးလေပါ။
!
"နေလ! ဆရာမကိုလိုက်ပို့ပေးလိုက်ပါ။ကျသလောက်မင်းရှင်းပေးလိုက်"