23

1.1K 20 0
                                    


"ရှင် !ဒါဆိုဘုန်းမင်းကအခုချိန်ထိဒီရောက်မလာတာလားအန်တီမြ"

ဂေဟာကိုရောက်တာနဲ့ဂေဟာမူးအန်တီမြကိုအပြေးလွှားရှာပြီးမေးကြည့်လေတော့ ဘုန်းမင်းအခုချိန်ထိမရောက်လာဘူးတဲ့။

ဟင့်အင်း တစ်ခုခုတော့ဖြစ်နေပြီမလား။ ဘုန်းမင်းတစ်ခုခုဖြစ်နေပြီမလား။
လူဟာအတွေးများနဲ့တင်အားအင်တွေလျှော့ကျနေမိလေသည်။
ဘုန်းမင်းကရောက်မလာဘူးတဲ့။
ဒါဆို ဒါဆိုကိုကိုကြီးအစောပိုင်းကပြောနေခဲ့တာတွေက။

"ဟင့်အင်း မဖြစ်နိုင်ဘူး ။
အန်တီမြ !ဘုန်းမင်းဖုန်းကိုခေါ်ကြည့်ပေးပါ"

"အေးအေး အန်တီမြခေါ်ပေးပါမယ်ကွယ်။
ဘုန်းမင်းလေးက စိတ်ညစ်လို့လာမယ်ပြောပြီးဘာလို့မရောက်လာတာပါလိမ့်။ သူလုပ်နေတဲ့အလုပ်တိုင်းကို လူတစ်ယောက်ကလိုက်ပိတ်ပြီးနှောက်ယှက်နေတာကြောင့်စိတ်ညစ်နေတာလို့​ပြောပြောပြတယ်ခဝါလေးရဲ့"

အလုပ်တွေကိုလိုက်ပိတ်တယ်တဲ့လား။
ဟင် ဟိုတခါကဘုန်းမင်းပြောခဲ့သေးတာကိုခဝါမှတ်မိသေးသည်။ကိုကိုကြီးကသူလုပ်သမျှအလုပ်တွေကိုလိုက်ပိတ်မည်တဲ့။

"မကုိင်ဘူးခဝါလေးရယ်။
သူ့အသိကားနဲ့လာမှာလို့​ပြောပြီးဘာလို့ရောက်မလာရသေးတာလဲ။ကဲ သမီးလေးဒီနားကနေဆက်စောင့်နေအုံးနော်။အန်တီမြလုပ်စရာလေးတွေရှိသေးလို့"

အန်တီမြကိုတောင်ခဝါဟာဘာမှပြန်မပြောပေးနိုင်တော့ပါ။
သူ့အသိကားနဲ့တဲ့လား။ကိုကိုကြီး မဟုတ်မှ ဘုန်းမင်းကို ဘုန်းမင်းကိုများ။

"ကလေးလေး.....!

ခဝါကိုခေါ်နေသည့်အသံကိုကြားနေပေမဲ့ခဝါမျက်ဝန်းများမဖွင့်နိုင်တော့ပေ။
ကြောက်တယ် ခဝါထင်သလိုကိုကိုကြီးလုပ်ရက်လိုက်လေသည်လား။
ခဝါကြောက်တယ်။
!
"ဟင့်အင်း မလာနဲ့မလာနဲ့ ခဝါနားကိုမလာနဲ့----"

မျက်လုံးများပွင့်လာသည့်ချိန်ခဝါမျက်နှာလေးထပ်မှာဇောချွေးများနှင့်ပြည့်နှက်နေတော့သည်။
အိမ်မက်ထဲမှာကိုကိုကြီးက ခဝါထွက်ပြေးသည်ကိုလိုက်ဖမ်းနေသည်တဲ့လား။

ရုန်းတော်မူ Where stories live. Discover now