21

856 13 0
                                    


"အန်တီမူ! ကိုကိုကြီးပြန်မလာသေးဘူးနော်။နောက်ကျလိုက်တာ"

ဇတ်ကားကြည့်နေသူမခင်မူနားလေးကိုကျုံ့ကျု့ံလေးလာထိုင်ပြီးပြောလာသူကောင်မလေးကြောင့် မခင်မူလည်းနံရံမှာကပ်ထားသည့်နာရီကိုကြည့်မိသည်။
ညကုိးနာရိီတောင်ကျော်နေပြီဆိုတော့ခဝါလေးပြောလေ လည်းပြောချင်စရာပါလား။

"သမီးလေး။စိတ်မပူပါနဲ့ကွယ် ဆရာကအလုပ်ကြောင့်နောက်ကျနေတာနေမှာပါကွယ်။
အန်တီမူနဲ့ဇတ်ကားကြည့်မလား။အိပ်ချင်ပြီလား"

"အိပ်တာတော့မအိပ်ချင်သေးဘူးအန်တီမူ။ ဇတ်ကားလည်းမကြည့်ချင်လို့ဒီနားလေးမှာလှဲနေလိုက်မယ်"

"အေးအေး! သမီးလေးကြောက်နေတာမလား။
ဒီမှာလာလှဲနေ အန်တီမူရှိတယ်"

အန်တီမူ နောက်ကဆိုဖာခုံပေါ်တတ်ပြီးကွေးကွေးလေးလှဲနေလိုက်သည်။
ကိုကိုကြီးကဘယ်တွေများသွားနေတာပါလိမ့်။
!
ညအချိန်မတော်ကျမှဖုန်းဝင်လာမူ့ကြောင့် ဘုန်းမင်း ဖုန်းကိုင်လိုက်လေသည်။

"ဟယ်လို...
အမဘာဖြစ်လို့လဲဗျ"

"အင်း !ငါ ငါမင်းကိုပြောစရာလေးရှိလို့။မနက်ဖြန်မင်းလုပ်မဲ့အစီစဥ်အတွက်ငါကူညီမယ်"

"ဟင် !အမပြောတော့မကူညီနု်င်တော့ဘူးကိုယ့်ကိုလုပ်ဆို။
ဒါပေမဲ့ကူညီမယ်ဆိုရင်တော့ကျတော်တကယ်ကိုကျေးဇူးတင်မိမှာပါအမ။
အစောလောက်ကခဝါကစာပို့တယ်။
သူ့အိမ်ကဟိုကောင်ကြီးကလိုက်ပို့မှာမလို့သူ့သူလာခဲ့မယ်တဲ့။ဟိုရောက်မှတွေ့မယ်လို့ပြောတယ်"

တစ်ဖက်မှပြောစကားကြောင့်ခက်သွယ်အရှေ့မှလူကိတစ်ချက်ကြည့်မိလေသည်။
မေးငေါ့ပြ၍ဆက်ပြောခိုင်းသည်ကြောင့်တုန်ယင်နေသည့်အသံကိုထိန်းလေကာ။

"ဟုတ်လား။ငါမင်းကိုကူညီပေးမယ်။မနက်ကျရင်ဂေဟာကိုငါ့ကားနဲ့သွားမှာမို့ငါနဲ့အတူလိုက်ခဲ့လိုက်လေ"

"ဟုတ်ကဲ့အမ။ဒါဆိုအမကိုပါကျတော်တွေ့ခွင့်ရတော့မှာပဲ။
ဘာပဲဖြစ်ဖြစ် ဟိုရောက်ရင်ခဝါကျတော့်လက်ထဲရောက်ဖို့အမကူညီပေးပါနော်"

"အင်းအင်း "ငါကူညီပေးမယ်!
မနက်ကျနင်​​ပြောတဲ့အချိန်ငါလာခဲ့လိုက်မယ်။ဒါပဲလေနော်"

ရုန်းတော်မူ Unde poveștirile trăiesc. Descoperă acum