14

1.2K 26 0
                                    


မိုးခြိမ်းသံတွေလျှပ်စီးလျှပ်နေတာတွေကြောင့်
ခဝါ အိပ်ရာမှလန့်နိုးလာခဲ့လေသည်။

တကယ်ကိူမိူးတွေရွာနေတာကြောင့် ခဝါကိုကိုကြီးဘက်ကိုကြည့်လိုက်လေတော့ ကိုကိုကြီးကိုမတွေ့ရပေ။
မီးကလည်းပျက်နေသလို မိုးတွေလည်းအရမ်းခြိမ်းနေတာကြောင့်
ခဝါကြောက်စိတ်ဝင်လာ၍ ငိူမိလေတော့သည်။

"ကိုကိုကြီး! ကိုကိုကြီးရေ
အဟင့်... ကိုကိုကြီး "

အခန်းရှေ့အရောက်ကလေးရဲ့အော်သံကြောင့်
ကိုယ်အမြန်ပြေးဝင်ခဲ့လိုက်လေသည်။
ကုတင်အစွန်းမှာတောင်ကြည့်မြောက်ကြည့်နဲ့ငိုနေလေသော ကောင်မလေးက ကိုယ်ဝင်လာလေတော့ကိုယ့်ဆီအပြေးလာလေတော့သည်။

"ဟင့်..ကိုကိုကြီး ဘယ်သွားနေတာလဲ!
ခဝါ ဟင့်...ခဝါကိုထားခဲ့တာ"

ကိုယ့်ရင်ခွင်ကျယ်ထဲကို
အပြေးဝင်၍ဖက်ထားလေသလို
တရှုံရှုံနဲ့ငိူလေရင်းပြောလာသည်ကြောင့် ကိုယ်စိတ်မကောင်းဖြစ်မိရသည်။
မီးပျက်တာကိုမီးစက်မမောင်းတာကြောင့် အောက်ကိုဆင်းကြည့်တာဖြစ်သလို
ထားခဲ့မိတဲ့တွက်လည်း ကိုယ့်ကိုအပြစ်တင်မိပြန်သည်။

"ကိုယ်တောင်းပန်ပါတယ် ကလေးရယ်!
မီးစက်သွားမောင်းခိုင်းနေလို့ကိုယ်ခဏထွက်သွားတာ
အခုကိုယ်ရှိနေပြီ မကြောက်နဲ့တော့"

"ဟင့်အင်း... ကြောက်တယ်!
ကြောက်တယ်လို့ ဟင့်... မိုးတွေခြိမ်းနေတာ "

ပြောလေမှပိုငိုနေသောကောင်မလေးကိူ ကိုယ်ပွေ့ချီ၍အိပ်ယာထပ်ပြန်တတ်ခဲ့လိုက်သလို
သူမဘေးမှာကိုယ်ပါဝင်လှဲ၍
ရင်ခွင်ထဲပွေ့ဖက်ထားပေးလိုက်လေသည်။

လက်မှာနာရီကိုကြည့်ချိန် မနက်သုံးခွဲပဲရှိသေးလေတာကြောင့်။

"အိပ်တော့ စောသေးတယ်!
ကိုယ်ဖက်ထားပေးမှာမို့ အိပ်ပျော်အောင်အိပ်တော့နော်"

ရင်ခွင်ထဲမှ ကောင်မလေးမှာခေါင်းလေးညိတ်ပြလေသောကြောင့် ကိုယ်နှုတ်ခမ်းများသဘောတကျပြုံးလိုက်မိတော့သည်။
တခါမှစဖက်ခဲ့ချင်းမရှိတဲကောင်မလေးက ကိုယ့်ကိုအရမ်းတွေဖက်တွယ်နေတာကို ကိုယ်အရမ်းပဲသဘောကျနေမိတာအမှန်ပင်။

ရုန်းတော်မူ Where stories live. Discover now