2

1.4K 24 1
                                    


မရေတွက်နိုင်တဲ့လှေကားထစ်တွေကနေအောက်ထပ်ကိုခဝါဘယ်လို
ပြန်ရောက်လာလိုက်မှန်းကိုမသိတော့ပေ။
အလန့်တကြားထိုလူကြီးလက်အားကုန်းကိုက်ပြီးပြေးဆင်းလာသည်မို့ တုန်နေတဲ့ရင်ဘက်ကိုလက်ဖြင့်အသာဖိထားမိရလေသည်။

"ငါမင်းကိုနမ်းပြစ်ချင်တယ်"
"ငါမင်းကိုနမ်းပြစ်ချင်တယ်"
"ငါမင်းကိုနမ်းပြစ်ချင်တယ်"
အဲ့စကားကြီးအားပြန်ပြန်ကြားယောင်နေရသည်မို့ခဝါခေါင်းအားအနည်းငယ်ရမ်းပြစ်မိသည်။

"ဘာလဲ ဒီလူကဘာလို့ခဝါကိုဒီလိုမျိုးလုပ်ရက်ပြောရက်ရတာလဲ
ခဝါ ခဝါကသူ့အိမ်မှာနေနေရတဲ့အတွက်ကြောင့်လား!
တခါမှ ယောကျ်ားတယောက်ရဲ့မထိတထိအပြုမူများမခံခဲ့ရဖူးတဲ့ခဝါအတွက်ဒီလုပ်ရပ်ဟာခဝါစိတ်တွေအားရှုပ်ထွေးစေသည်
အားငယ်စေသလို ဝမ်းနည်းမိပြန်သည်။

"အယ်! သမီးခဝါဘာရပ်လုပ်နေတာလဲ"

အန်တီမူအသံကြောင့်ကျလုဆဲဆဲ
ဖြစ်နေသည့်မျက်ရည်များအား
မျက်တောင်ရှည်များဖြင့်မသိမသာနှင့်မကျလာစေရန်ပုတ်ထုတ်ပြစ်လိုက်သည်!

အန်တီမူကျေးဇူးကြောင့်ခဝါကောင်းကောင်းစားကောင်းကောင်းနေနေရတယ်မလား
ခဝါအန်တီမူကိုအပူတွေမပေးသင့်ဘူးမလား!

အနားရောက်လာသောအန်တီမူအားခဝါပြုံးပြလိုက်သည်!

"သမီးလေး !ဆရာကဘာတွေပြောသေးလဲဟင်
သမီးကိုဆူနေတာလား"

"အဟင်း !မဟုတ်ပါဘူးအန်တီမူရဲ့
သူကခဝါကိုနာမည်မေးပြီးဒီအိမ်မှာကောင်းကောင်းနေဖို့ပြောနေတာပါအန်တီမူ"

"ဟယ် !ဟုတ်လား
ဆရာကအဲ့လိုပြောတယ်ဆိုတော့ကောင်းတာပေါ့သမီးရယ်
ဆရာကလေ ဘယ်တုန်းကမှအခုလိုခေါတွေ့မေးမြန်းတာမရှိခဲ့ဖူးဘူး
သမီးခဝါကိုတော့သူ့အမြင်မှာ
အမြင်ကြည်နေပုံရတယ်"

အန်တီမူစကားကြောင့်ခဝါနှုတ်ခမ်းလေးအားယဲ့ယဲ့သားပြုံးမိလေသည်။

"ကဲကဲ! ဒါဆိုရှေ့လျှောက်သမီးလေးဘာမှမပူပဲနေလို့ရပြီ
အခုလုပ်လက်စတွေကိုသွားလုပ်ချေတော့
ခဏနေဆရာဆင်းလာတော့မှာမို့အန်တီမူမနက်စာပြင်ရတော့မယ်"

ရုန်းတော်မူ Where stories live. Discover now