4

1.1K 19 0
                                    


ညလုံးပေါက်ရင်ခွင်ထဲကိုထည့်ပြီးဖက်အိပ်ထားတာကြောင့်
နိုင်းမဟာစည် လက်တစ်ဖက်သည် ကိုက်နေသလိုလိုဖြစ်နေမိသည်။

အိပ်မောကျနေတဲ့ ကလေးမအားကြည့်၍ သူမမျက်နှာလေးပေါ်ကျနေသည့်ဆံနွယ်လေးတွေကိုနောက်သို့သပ်တင်ပေးလိုက်တော့
မျက်နှာပြင်လေးကိူရှင်းလင်းစွာမြင်တွေ့နေရပြန်သည်။

မျက်ခုံးမွှေးသိပ်မရှိ နဖူးမောက်မောက်ကောင်မလေးကြောင့်
နုိင်းမဟာစည် မှာ အလုိလိုရင်းကရယ်မိရပြန်သည်။

"မင်းကလေ တကယ့်အူကြောင်ကြောင်ရုပ်ဆိုးမလေးပါလား "

နဖူးပြင်လေးအားတဝကြီးနမ်းရှိုက်လိုက်ပြီးမှ
စောင်ပါးလေးခြုံပေးခဲ့လေပြီး
မဟာထလာခဲ့တော့သည်။
!
"မောင်နေလ ဧည့်ခန်းမှာခက်သွယ်ဆိုတဲ့မိန်းခလေးရောက်နေတယ်"

နေလမနက်စာစားနေတုန်းလာပြောလေသောအန်တီခင်မူကြောင့်
ဧည့်ခန်းဘက်အားတချက်ကြည့်လေကာ!

"ဟုတ်ပြီ! ကျတော်ဆရာ့ကိုသွားခေါ်လိုက်အုံးမယ်"

"အေး​အေး!
ဟို ဒါနဲ့လေမောင်နေလ
ညကသမီးခဝါလေးအန်တီဆီလာမအိပ်ဘူး
အဲ့တာ အခုလည်းအပေါ်ကနေဆင်းမလာရသေးဘူး"

"ဘာမှစိတ်ပူမနေနဲ့အန်တီခင်မူ
ဆရာဘာမှမလုပ်ပါဘူး
နောက် ြပီး ဆရာအန်တီ‌ကိုတနေ့တော့စကားခေါ်‌ပြောအုံးမှာပါ"

နေလအပြောကြောင့်မခင်မူ
ယဲ့ယဲ့သာပြုံးပြလိုက်လေတော့သည်။

"အင်း !ငါခဝါလေးကိူခေါ်လာမိတာမှားများမှားပြီလား။
!
နေလ အခန်းတံခါးအားမခေါက်ခင်မှာပဲ
ဆရာကထွက်လာလေသည်ကြောင့်
ေနလတချက်ပြုံးပြ၍။

"ဆရာ !အောက်မှာမခက်သွယ်
ရောက်နေပါတယ်ဗျ"

မဟာစည် တစ်ချက်ခေါင်းငြိမ့်ပြလေ၍ အခန်းတွင်းအားတချက်ကြည့်လေပြီး
အောက်ထပ်ဆီဆင်းခဲ့လေသည်။

ရုံးသွားရန်ပြင်ဆင်ထားပြီးပြီမို့
အကျီ်လက်ရှယ်အားခေါက်တင်၍ဆင်းလာလေသောသူမှာ ခါတိုင်းထပ်ပို၍ချောမောနေခဲ့သလိုလို။

တညလုံးမအိပ်ပဲတွန့်တွန့်လုပ်နေတဲ့ကလေးမကြောင့်မဟာပါကောင်းကောင်းအိပ်မရခဲ့
နှစ်ယောက်လုံးမိုးလင်းခါနီးမှ
အိပ်ပျော်ခဲ့လေသည်။

ရုန်းတော်မူ Nơi câu chuyện tồn tại. Hãy khám phá bây giờ