Yu Jinက အခုမှ အသက်တောင်မပြည့်သေးဘူး။

အဲ့ဒီ့အတွက် သူ့ကုမ္ပဏီကို Yu Jin ဦးဆောင်နိုင်ဖို့ Rickyကို တံတားအဖြစ် အသုံးချရမယ်။

လွယ်လွယ်ပြောရရင် လုပ်ငန်းထဲသင်ပြပြီး Yu Jin ဆီလက်လွှဲမရသေးတဲ့အတောအတွင်း Rickyက ကုမ္ပဏီအား စောင့်ရှောက်ပေးရမယ်။

နောက်ပြီးရင်တော့ ရှယ်ယာအနည်းငယ်ပေးပြီး သူတို့သားအမိကို မောင်းထုတ်လိုက်ရုံပဲ။

သူအဲ့လိုလုပ်ချင်ပင်မဲ့ အခုတော့ Ricky Shen က Ji Woong နဲ့သူငယ်ချင်းဖြစ်နေတယ်။အဲ့ကောင်လေးက သူ့အမေလို မာယာများပြီး မြေခွေးတစ်ကောင်လိုပဲ ....

Rickyကို Ji Woong နဲ့အဆက်အသွယ်ဖြတ်ဖို့ အဝေးပို့မှဖြစ်မယ်။သူတတ်နိုင်သမျှမြန်မြန် စီစဉ်ရလိမ့်မယ်..။

ဥက္ကဌShenက ဒီအတွေးနဲ့ပဲ Rickyကို မှင်သေသေ တစ်ချက်စိုက်ကြည့်ကာ အခန်းထဲက နေ ဦးအောင်ထွက်သွားတော့သည်။ ။

ထိုအခါမှ လေထုက ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး လူတိုင်းကလဲ ပိုအသက်ဝင်လာ၏။

"Rickyကို အန်ကယ်တစ်ကယ်တောင်းပန်ပါတယ်ကွာ။ဒီကောင်လေးကလေ...ငယ်ငယ်ကတည်းက ခေါင်းမာတဲ့အကျင့်ကို ပြင်လို့ကိုမရဘူး ကျွတ်..ဘုရားသခင်တောင် Ji Woong ဖြစ်ချင်တဲ့အရာကို ဆင်းတားလို့မရဘူး"

တစ်ကယ့်ကိုပင် Mr.Kimမှာ သူ့သားအားကြည့်ပြီး ငယ်ငယ်ကတည်းက လက်လျှော့လိုက်သည့်ပုံပင်။သူ့ဇနီးရဲ့အမွေတစ်ချို့နဲ့ တစ်ဦးတည်းသာသားဆိုတဲ့နေရာက မွေးကတည်းက ဗီဇပါလာတဲ့အတိုင်း....

သူတို့က Ji Woong အားချစ်ကာ ပိုးမွေးသလို ပြုစုယုယခဲ့ကြသည်။သို့သော်လည်း ပြောမရဆိုမရရင်တော့ ဆိုဆုံးမတတ်၏။

Ji Woong ငယ်ငယ်က တစ်နေ့ကိုနှစ်ခါအရိုက်ခံရတယ်..အများစုက တစ်ဇွတ်ထိုးလုပ်ချင်ရာလုပ်တတ်တဲ့အကျင့်ကြောင့်ဖြစ်ပြီး တဖြေးဖြေး ဘယ်လိုမှပြောမရတဲ့အဆုံး သူတို့လွှတ်ထားရုံသာ တတ်နိုင်ကြတော့ ၏။

Kim Ji Woong ကဆိုးသွမ်းနေသောကလေးမျိုးမဟုတ်ပေ။သူ ငယ်ငယ်ကအလွန်ကြင်နာတတ်သော ကောင်လေးတစ်ယောက်ဖြစ်တယ်။သူ့ဇနီးဆုံးသွားပြီးတော့ ဖခင်ဖြစ်တဲ့သူကပဲ သားလေးကိုထိန်းကျောင်းပင်မဲ့ အလုပ်တစ်ဖက်နဲ့ တဖြေးဖြေး အရင်လို သာယာတဲ့မိသားစုပုံစံလဲပျောက်ကွယ်သွားဟန်.....။

Fallin'Harder Where stories live. Discover now