အပိုင်း။၉။သဲတုန်ရောက်ရှိခြင်း

Start from the beginning
                                    

"ဟုတ်ကဲ့ပါ မောင်လေး"

ဘာမှထပ်မပြောကာကောက်တာမှာကျသင့်တွေသွားရှင်းနေသူ

"ဒါလေးဝတ်ကြည့်နော်
အဖြူနဲ့ပန်းရောင်အရောလေး
အလှ...အယ်...မောင်လေးနဲ့လိုက်မှာ"

နှင်းနီဥ ကတော့. သူမ
လာချပေးသော ဖိနပ်အား
မြန်မြန်စွပ်ကာ ဘေးကခုံတွင်လှဲအိပ်နေသော
ခလေးလေးအားပွေ့ပြီး သူ့အနောက်သို့
​ပြေးလိုက်ရတော့သည်

"ဟယ် လင်မယားတွေလားမသိဘူးလိုက်လိုက်တာ.....ရှေ့ကကောင်လေးက
ခပ်ကြမ်းကြမ်းစတိုင်သူကချစ်စရာTypeလေး"

"ခလေးပါပါနေတာ
လင်မယားမဟုတ်လို့
ဘာကမလဲမမရယ်
စစထဲကနစ်ယောက်လုံးကိုသမီးကသိတယ် အခုရက်ထဲနာမည်ကြီးသွားတဲ့ အတွဲက
သူတို့လေ....ပုံစံအပြောင်းခံရတာက
ေကာင်မလေးတယောက်နဲ့
ဖောက်ပြန်ဖို့လုပ်တာကို
ဟိုအကိုကတွေ့သွားလို့
ပြသနာတွေ တတ်ကြတာလူသိရှင်ကြား...
အခုတော့ ပြန်ပြေလည်သွားပုံပဲ၊
ဒါပေမယ့်ဟို Racer အကိုကြီးက
နည်းနည်းတော့ စိတ်နာသွားမှာပဲ...
အခုလိုပေါ့
သိပ်အလျှော့မပေးတော့ဘူး
မနက်ဖြန်သူတို့ အမေးဖြေ လုပ်မှာကလည်း
JTBC မှာရှိတယ်....."

"ဘာနေနေပြန်ပြေလည်သွားကြတော့
ကောင်းတာပေါ့ ခလေးကလည်းရှိနေတာဆိုတော့ ပြေလည်သွားတာပဲကောင်းပါတယ်"

သူတို့ထွက်သွားလို့အပြီး
နောက်ကွယ်ကစကားသံများ.....

တကယ်လည်း
နှင်းနီဥ မိဘတွေဘက်ကရော
အပြင်လူတွေဘက်ကပါကြည့်လိုက်တိုင်းနှင်းနီဥလေး ကသာလွန်နေခဲ့သည်
အဘယ်ကြောင့်ဆို လက်ထပ်စာချုပ်ပေါ်ထိုးခဲ့တဲ့လက်မှတ်
တစ်ခုကြောင့်မဟုတ်ပါလား

=====

"အ့!!!"

တကယ်တော့ သူ့ခြေထောက်တွေ
နာလှပါပြီ ခလေးချီကျင့်မရှိတော့
ခလေးကို နာရီနဲ့ချီကာလမ်းလျှောက်
နေရတော့တော်တော်လေးကို
ပင်ပန်းလှပါပြီ....

"အင့်!!"

"ဟင် မင်းဗိုက်ဆာနေပြီလား"
အသံသေးသေး လေးကထွက်လာတော့ ချီထားရင်းစကားပြောနေမိသည်

ဟိုတယောက်ကတော့
ရှေ့မှာ ပစ္စည်းလှည်းနဲ့ဘာတွေဝယ်လို​့ဝယ်နေမှန်းမသိတော့ဒီမှာခလေးကတော့
ဗိုက်ဆာနေသလို....

ရန်သူ OTP ver S1 and S2Where stories live. Discover now