Into the Mist Forest Arc (5)

Start from the beginning
                                    

"အင်း"

"ဪ"

အရမ်းအသက်၀င်လိုက်တဲ့ စကားဝိုင်းလေး‌ပါလားဟု Lucas ‌ရွဲ့တွေးလိုက်မိသည်။ နဂိုကတည်းက စကားနည်းသည့် Lullabyကတော့ ဘာမှမခံစားရဘဲ ကော်ဖီဘူးကိုချေလိုက်ကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ နေရောင်အောက်တွင်သံဘူးမှာလက်ကနဲ အရောင်ပြန်သွားပြီး ‌အမှိုက်ပုံးထဲသို့ ဂျောက်ကနဲတန်းတန်းမတ်မတ်၀င်သွားသည်။

" Eternal lifeနဲ့လား?"

" နည်းနည်းဆင်ပါတယ်"

Lullaby စကားဆက်မပြောတော့ဘဲ Lucas ကို အချိန်တစ်ခုကြာ ကြည့်နေလိုက်သည်။ ထို့နောက် ခုံမှထကာ အညောင်းအညာဆန့်ရင်း လက်ဆွဲအိတ်ထဲ I pad ကိုထည့်လိုက်ကာ အပြင်သွားရန်ပြင်လိုက်သည်။

"ဘယ်သွားမလို့လဲ။ ဒီမှာတစ်ယောက်တည်းလျှောက်သွားနေတာ အန္တရယ်များတယ်လေ"

" ငါ ဘုရားကျောင်းဘက်ခဏလေးသွားမလို့ ညစာအမှီပြန်လာမယ်"

"တစ်ယောက်တည်းအဆင်ပြေပါ့မလား"

‌အားနာ၍သာမေးလိုက်ရသော်လည်း Lullaby နောက်ကိုလိုက်သွားဖို့က မဖြစ်နိုင်ပေ။Yashamineက မိသားစုအိမ်ခဏပြန်သွားသလို၊Lucas ဆိုင်ကို ဒီအတိုင်းထားခဲ့၍လည်းမရ‌‌ဖြစ်နေသည်။

"အေးဆေး"

လက်ခါပြကာ Lullaby ပြေးထွက်သွားလိုက်သည်။ Lullaby ၏အိတ်မှ ချူသံလေးကပတ်၀န်းကျင်အရပ်၈မျက်နှာကို လွင့်ပျံသွားသည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဘုရားကျောင်းကို အပြင်ဖက်မှသာမြင်ခဲ့ရသဖြင့် မကျယ်လောက်ဟုထင်ခဲ့သော်လည်း အထဲ၀င်သွားမှ တော်တော်လေးကြီးကျယ်ခမ်းနားသည်ကို သတိထားမိသည်။
အထူးသဖြင့် သက်တမ်းရှည်အပင်ကြီးများနှင့် ချုံနွယ်များမှရသည့် အငွေ့အသက်* ကြောင့် စိတ်က အလိုလိုရှိန်လာမိသည်။

တဖက်တချက်တွင် အပြည့်စိုက်ထားသောပန်းခင်းများကလည်း လေတိုက်လိုက်တိုင်း ခပ်သင်းသင်းရနံ့တမျိုးကို သယ်ဆောင်လာပေးသည်။ နေပျောက်ပင်မထိုးနိုင်ဘဲ အရိပ်ကျနေသဖြင့် အေးစိမ့်စိမ့်ခံစားချက်ကိုပါအဆစ်ခံစားလိုက်ရသည်။

The Daymare Where stories live. Discover now