Into the Mist Forest Arc (1)

49 4 12
                                    

‌နွေရာသီ‌ဆိုသည့်အတိုင်းပတ်၀န်းကျင်တစ်ခုလုံးက အပူဒဏ်ကြောင့်ဖုန်အလူးလူးနှင့် ခြောက်ကပ်နေသည်။ လေလည်းတစက်ကလေးမှမတိုက်သလို တိုက်လိုက်ရင်လည်း လေပူတွေသာဖြစ်နေ၍ မရှိဒုက္ခရှိဒုက္ခပင်။

နွေရာသီကဗျာတွေသီချင်းတွေ‌အလွန် ပေါများနေသော်လည်း ထိုကဗျာဆရာများမှာအိမ်ထဲ airconလေး‌ဖွင့်ပြီး အေးဆေးနေနေရင်း ရေးထားခြင်းဖြစ်နေ၍ တစက်ကလေးမှ ယုတ္တိရှိမနေပေ။

အပူပေါ်အပူဆင့်နေသော နွေနေ့လည်ခင်းတစ်ခုတွင် လမ်းဘေးမုန့်ဆိုင်၏ ပန်ကာ‌ရှေ့၌ ပါးစပ်ဟရင်း မတ်တပ်ရပ်နေသည့် မိန်းကလေး တစ်ယောက်ရှိနေသည်။

ဒူးမရောက်တရောက် အရှည်ရှိသော အဖြူရောင် Summerdress ကို၀တ်ထားပြီး ဆံပင်များကိုသပ်တင်နေကာ ပန်ကာလေခံနေသည်။ ပန်ကာလေကြောင့် ဂါ၀န်မှာတလွင့်လွင့်ဖြစ်နေသော်လည်း သူမက တစက်ကလေးမှ အဖတ်မလုပ်ပေ။

ဆိုင်ပိုင်ရှင်မှာ ပြောရခက်နေ‌သည့်မျက်နှာဖြင့် တဖက်ကိုအကြည့်လွှဲလိုက်သည်။ ဆိုင်ထဲမှာ‌ အခြားဈေး၀ယ်သူမရှိနေခြင်းကြောင့်လား၊ ဒီမိန်းကလေးကိုက ပတ်၀န်းကျင်ကိုသိပ်အရေးမလုပ်တတ်ခြင်းလားမပြောတတ်တော့ပေ။

ထိုမိန်းကလေးက လက်ထဲ ကိုင်ထားသည့်ကိုကာကိုလာဘူးကို မော့သောက်လိုက်ချိန်တွင် ဘူးခွံမှာတွဲလဲခိုနေ‌‌ေသာ ရေစက်များကကျဆင်းလာပြီး လည်ပင်းတစ်လျှောက်စီးကျသွားသည်။

အညိုရောင်ဆံပင်များကို ဟန်ပါပါထပ်မံသပ်တင်လိုက်ပြီး ဘေးဘီကို လှည့်အကြည့်တွင်ဆိုင်ရှင်နှင့် ထိုမိန်းကလေးမျက်လုံးချင်းဆုံသွား၏။

" ဒီနေ့ပူတယ်နော်"

ပန်ကာရှေ့ကနေ မခွာဘဲ လှမ်းနှုတ်ဆက်လိုက်သည်။ ပြုံးလိုက်သည်ဟုမဆိုသာသော်လည်း မျက်လုံးများကဖော်ရွေသော အရိပ်အယောင်ကိုပြနေသည်။ ထိုမိန်းကလေးလှုပ်ရှားလိုက်တိုင်း ဖြူဖွေးသေးသွယ်လှသောခြေကျင်း၀တ်မှ foot chain လေးက ချူသံလေးကအသံသာသာလေး ထွက်ပေါ်လာသည်။

" သူများမြို့တွေကတော့ ၃၄ ဒီဂရီပဲဆိုပေမယ့် ဒီမြို့ကတော့နွေဆို ၃၈ ၃၉ပဲ။ တဖက်လှည့်တွေးရရင်တော့အအေးပိုရောင်းကောင်းတာပေါ့"

The Daymare Where stories live. Discover now