Into the Mist Forest Arc (5)

17 3 1
                                    

*တစဆီပြန့်ကျဲနေသောအလောင်းများ*

* Rune သင်္ကေတထွင်းထားသည့် Keychain*

*အဖွဲ့အစည်းနှင့် မသက်ဆိုင်သည့် ဖာသာ*

*အဖြူရောင်၀တ်စုံဝတ်ထား‌သော မိန်းကလေး*

I Pad ကို ပိတ်ချလိုက်ပြီး Lullaby လေ၀၀ရှူလိုက်သည်။ ယခုအမှုက တော်တော်လေးကို ကြာနေသဖြင့် စိတ်မကြည်ချင်တော့။ Wisteria ကိုရောက်သည်မှာ 8ရက်ကျော်လာပြီ။ နောက်ထပ်လူသတ်မှုများလည်းထပ်မဖြစ်တော့။ သူမရောက်နေသည်ကို ရိပ်မိနေသည့်အလား အရာရာမှာ တိတ်ဆိတ်နေသည်။ ရထားသည့်သတင်းအချက်အလက်များကလည်း တစ်ခုနှင့်တစ်ခုအဆက်အစပ်မရှိသေး။ jigsaw စများပမာ အကုန်တစဆီပြန့်ကျဲနေသည်။

နောက်ထပ်လူသတ်မှုများ 5ရက်အတွင်းဆက်ဖြစ်‌လိမ့်မည်ဟု တွက်ချက်ခဲ့သော Lullaby မှာ အနည်းငယ် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်လာပြီ။ သို့သော် သူမ လုပ်နိုင်သည်ကဘာမှ မရှိသေးသဖြင့် အပြောင်းအလဲကြီးတစ်ခုရောက်လာရန်သာ စိတ်စောနေမိသည်။

ကော်ဖီသံဘူးကိုဖောက်ဖွင့်ကာ စိတ်မောလူမောဖြင့် မော့သောက်လိုက်သည်။ စိတ်မကြည်သဖြင့်မည်သူနှင့်မှ စကားမပြောဘဲ စတိုးဆိုင်၏ခုံတန်းလျားပေါ်ထိုင်နေရင်း တိမ်များကိုကြည့်နေမိသည်။

ခုံ၏တဖက်အစွန်းမှ သိမ့်ကနဲဖြစ်သွားသဖြင့် လှည့်ကြည့်လိုက်ရာ ကော်ဖီသံဘူးသောက်ရင်း ထိုင်နေသည့် Lucas ကိုတွေ့လိုက်သည်။

" ကော်ဖီထပ်ယူချင်သေးရင်ငါသွားယူပေးမယ်လေ"

အကြာကြီးစိုက်ကြည့်ခံနေရသည်ကို အနည်းငယ်လန့်လာသဖြင့် Lucas စကားစလိုက်သည်။ Lullaby ၏ တကယ့်ရုပ်ရည်အမှန်ကို သူမမြင်ဖူးသော်လည်း တဆင့်စကားအရ အလွန်ကြောက်စရာကောင်းစွာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ဟု သိထားသည်။

ဂါထာဖြင့် ရုပ်ပြောင်းရုပ်လွဲလုပ်ထားသည့်တိုင်အောင် သူမ၏မျက်လုံးများက အသက်မဲ့စွာ နက်ရှိုင်းတိတ်ဆိတ်နေလေသည်။ထိုမျက်လုံးများအောက်တွင် အချိန်ကြာကြာ မနေလိုစိတ်များကလည်း တဖွားဖွားပေါ်လာသည်။

"နင်နဲ့ Yashamine က Contract လုပ်ထားတာလား"

ကော်ဖီလက်ကျန်ကိုမော့လိုက်ရင်း စကားစလိုက်သည်။

The Daymare Where stories live. Discover now