Into the Mist Forest Arc (3)

18 2 2
                                    

"ငါတို့တွေက လူဆိုးလည်းမဟုတ်သလိုလူကောင်းလည်းမဟုတ်ဘူး"

မြို့ထဲသို့ Lullaby ၀င်လာသည့်အချိန်မှာ ညနေစောင်းပင်ဖြစ်နေလေပြီ။ Transportation Spellကို မှားရွတ်မိသည့်အတွက် ၄မိုင်လောက် လမ်းပြန်လျှောက်လိုက်ရသဖြင့် Lullaby စိတ်မကြည်တော့ပါ။ ကောင်စီ၏ အရာရှိတစ်ယောက်ဖြစ်ရက်နှင့် Spell မှားရွတ်မိသည့်ကိစ္စက အောလွန်းသဖြင့်ဘယ်သူမှမသိအောင် တိတ်တိတ်လေးနေရန်ဆုံးဖြတ်လိုက်သည်။

Lullaby သည် ပိန်သွယ်သွယ်ခန္ဓာကိုယ်အချိုးအစားရှိပြီး အသားအရေမှာ သာမန်လူများထက်ဖြူဖွေးသည်။အသက်မရှိသည့်‌အလောင်းကောင်ဟုထင်ရလောက်အောင် တကိုယ်လုံးအမြဲအေးစက်နေတတ်သည်။

ထို့အပြင် ငယ်ရွယ်ချိန်အချိန်ကတည်းက အမှောင်မှော်အစွမ်းသုံးအစွန်းရောက် အုပ်စု၏ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရကာ မျက်လုံးအစုံကိုနှိုက်ထုတ်ခံထားရသည်။ ထို့ကြောင့် ခရမ်းစွဲကျောက်မျက်လုံးတုကိုတဖက်တွင်အစားထိုးကာ တဖက်ကိုလည်း မကောင်းဆိုးဝါးမျက်လုံးဖြင့်အစားထိုးထားရခြင်းဖြစ်သည်။ မျက်နှာထက်တွင်လည်း Yr ဟုခေါ်သောသေဆုံးခြင်းကိုယ်စားပြု Rune ကို ဓားဖြင့်ခြစ်ထွင်းခံထားရသေးသည်။

၃နှစ်တာ အလွန်အမင်းနှိပ်စက်မှုဒဏ်ကိုခံစားခဲ့ရပြီးနောက် အခွင့်အရေးရသည့်အချိန်တွင် ထွက်ပြေးခဲ့ရသည်။ သွေးအလိမ်းလိမ်းဖြင့် စမ်းတဝါးဝါးထွက်ပြေးလာရသည့်သူမမှာရှာဖွေရေးအဖွဲ့နှင့် ဆုံခဲ့သဖြင့် အသက်ရှင်ခဲ့ခြင်းဖြစ်သည်။

လမ်းလျှောက်နေရင်း အတိတ်ကိုပြန်တွေးမိသဖြင့် ဒဏ်ရာများမှာ ယားကျိကျိဖြစ်လာ‌သောကြောင့်အာရုံလွှဲစေရန် အိတ်ထဲမှ ပီကေတစ်ခုကိုယူကာထုတ်ဝါးနေလိုက်သည်။ ပီကေကိုဝါးရင်း ပီကေမှုတ်ရင်း ရှေ့ဆက်လုပ်ရမည့်ကိစ္စများကိုတွေးနေသည်။

ယခုကဲ့သို့ ပုံပျက်ပန်းပျက်ပုံစံဖြင့်မြို့ထဲ၀င်လာပါက ဆားနှင့်ပက်ခံရမည်ကိုစိုးရိမ်သဖြင့် အရင်ဆုံး ရုပ်ပြောင်းရုပ်လွှဲဂါထာကို ရွတ်လိုက်ကာ မူလရုပ်သွင်ကို ယူလိုက်သည်။ ထို့နောက် စာရေးရန်ကုန်ကြမ်းလာရှာသည့်ခရီးသွားပုံစံ အ၀တ်အစားများကိုပြောင်းလိုက်ကာ ခရီးဆောင်အိတ်ကိုလက်ကဆွဲရင် အေးအေးလူလူပင် မြို့ထဲ၀င်လာလိုက်သည်။

The Daymare Where stories live. Discover now