Into the Mist Forest Arc (6)

13 2 2
                                    

ညဘက်အိပ်မပျော်သည့်အတွက် အတွေးတွေက ဟိုရောက်ဒီရောက်အစုံရောက်နေသည်။ အရက်တစ်ငုံလောက်သောက်လိုက်ပါက နေလို့ကောင်းသွားလောက်သော်လည်းသူများအိမ်က ပစ္စည်းတွေကိုပိုင်စိုးပိုင်နက်မလုပ်ချင်။

ဘယ်လိုမှ အိပ်မရတော့သည့်အဆုံးမနက်စောစော အခြားမြို့ဘက်သွားပြီးစုံစမ်းရန်အတွက် မိုးအလင်းကိုသာ ထိုင်စောင့်ရန် ဆုံးဖြတ်လိုက်သည်။

Amazake(ဆန်ကစော်)နွေးနွေးလေးသောက်ချင်စိတ်က ထိန်းမရအောင်ပေါ်လာသည်။ ချိုချဉ်အရသာ ဆန်အရက်နွေးနွေးလေးနှင့် အမဲသားကင်လေးကို မာလာအမှုန့်လေးတို့စားလိုက်ပါက အာဂပါးစပ်လူဖြစ်ရကျိုးနပ်လေရဲ့ဟု တွေးရင်း သရေများကျလာသည်။

တစ်ယောက်တည်းထိုင်နေရင်း အတွေးများက အတိတ်ကို တဖြည်းဖြည်းပြန်ရောက်သွားသည်။

ကိုယ်ခန္ဓာမှာ အိမ်ပြန်ရောက်ခဲ့သော်လည်း စိတ်က အတိတ်မှ ဆိုးဝါးသည့်နေ့ရက်များတွင်သာကျန်ခဲ့သည်။ မျက်လုံးတစ်ဖက်သာမြင်နေသည့်အပြင် မြင်နေရသည်များကလည်း အငွေ့အသက်များ၊အရောင်များသာဖြစ်သည်။

*သူ့ရဲ့ ခရမ်းရောင်မျက်လုံးတုကနေမြင်နေရတာ Auraတွေ Energy/ Vibration တွေပါ*

အမေက ‌လိမ္မော်ရောင်လေး၊ အဖေက အပြာရောင်လေး၊ သစ်ပင်တွေက အမြဲအစိမ်းရောင်လှိုင်းငြိမ်လေးတွေ...စသဖြင့် သူမ မြင်နေရသည့်လောကသစ်အကြောင်းတွေးနေသည်။ ရုတ်တရပ် ဆိုးဝါးသည့်နေ့ရက်များအကြောင်းတွေးမိသည့်အခါ အာချောင်ခြစ်အော်လိုက်မိသည်။ ထိုကဲ့သို့ နေ့ရက်များကိုဖြတ်သန်းလာပြီးနောက် သူမ သတိထားမိသည်မှာ သူမ၏ အကြားအာရုံနှင့် အထိအတွေ့အာရုံမှာအလွန်ကောင်းလာသည့်အပြင် sixth sense ဟုခေါ်သောအပိုသိနိုင်စွမ်းအာရုံတစ်ခုပါ တိုးလာသည်။

သူမ၏ မျက်လုံးတုမှတဆင့် အခြားသော auraများ၊အ‌ေငွ့အသက်များကိုမြင်လာရသလို၊   Vibration များEnergyများကိုလည်း sensitive ဖြစ်လာသည်။ ထို့ပြင် စိတ်အာရုံမှ ဆက်သွယ်မှုများ ၊ အခြားသော Realmမှ အသံများကိုပါတစချင်းကြားလာရသည်။

အဆုံးသတ်တွင်သူမနားလည်လိုက်သည်က သူမ၏ မျက်လုံးများအတွက် ဘုရားသခင်က လျော်ကြေးပေးလိုက်လေပြီ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jul 21, 2023 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

The Daymare Dove le storie prendono vita. Scoprilo ora