Into the Mist Forest Arc (4)

29 2 1
                                    

Lullaby Wisteria မြို့ကိုရောက်နေသည်မှာ ၄ရက်ရှိ‌ပြီဖြစ်သည်။ ၄ရက်အတွင်း စုံစမ်းရသမျှ အချက်အလက်များကို သေချာအာရုံစိုက်ဖတ်နေသော်လည်း အနားမှ အချစ်ငှက်စုံတွဲ၏ ကလူ၏ မြူ၏ အသံများသာ နားထဲရောက်လာသဖြင့် Lullaby Laptop ကိုဆောင့်ပိတ်ကာ စာအုပ်များရောင်းသည့် Lane ဘက်ကို လျှောက်လာလိုက်သည်။

Lucas တို့ဆိုင်မှာ Convenient Store ဖြစ်သဖြင့် ဆိုင်နေရာ ကျယ်သောကြောင့် စာအုပ်များရောင်းသည့်နေရာနှင့် သူတို့နှစ်ဦး တစ်တီတူးနေသောနေရာမှာ အနည်းငယ်ဝေးသည်။

(နင်တို့ဟာ နည်းနည်းလေးတောင် ငါ့ကိုအားမနာတတ်ကြတာပဲ)

စိတ်ပေါက်ပေါက်ဖြင့် စာအုပ်တစ်အုပ်ကိုဆွဲယူဖတ်နေရင်း အတိတ်သို့ အတွေးရောက်သွားသည်။

အတိတ်အကြောင်းပြန်တွေးလိုက်ပါက အချစ်ဦးအကြောင်းပါ အမြဲယှဉ်တွဲပါလာတတ်သည်။ သူမအပေါ် အချစ်ပေးခဲ့ဆုံး၊ သူမအပေါ် လူတိုင်းထက်ကောင်းခဲ့သည့် Church မှ Priestessအကြောင်း အလိုလိုခေါင်းထဲရောက်လာသည်။

သူမကို အတော်ဆုံး Exorcist ဖြစ်စေချင်ခဲ့သည့် အဆိုပါ Priestess သည် သူမကိုပြန်လည်ရှာဖွေသည့်ကိစ္စတွင်ကူညီနေရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရလေသည်။ ပို၍ ရင်နာစရာကောင်းသည်က Priestessလုပ်ကြံခံခဲ့ရပြီး ၂ရက်အကြာတွင် Lullaby ကိုရှာတွေ့ခဲ့ရခြင်းပင်။

ရက်စက်လွန်းလှသည့် ကံကြမ္မာကြောင့် သူတို့၂ယောက် သေကွဲကွဲခဲ့ရသည်။ သို့သော်အနာဂတ်ကိုကြိုမြင်စွမ်းရှိသည့် အဆိုပါ Priestessက သူမမျက်လုံးများ မပါလာမည်ကို ကြိုတင်သိမြင်ခဲ့သည့်အတွက် Amethystမျက်လုံးတုကို လက်ဆောင်အဖြစ် ချန်ထားပေးခဲ့သည်။

အနီရောင်ဆံပင်ရှည်ထက်တွင် ပုဝါပါးတစ်ခုကိုလွှမ်းခြုံထားပြီး ဂါ၀န်ဖြူကို ၀တ်ဆင်ထားတတ်သည့် ထိုPriestess ကသူမငယ်ဘ၀ကတည်းက ဆော့ဖော်ဆော့ဖက်၊သူမ၏ ပထမဆုံးသူငယ်ချင်း၊ သူမ၏ အချစ်ဦးဖြစ်ခဲ့သည်။ ပြန်ပေးဆွဲမခံရခင် နောက်ဆုံးတွေ့ခဲ့သည့်နေ့တွင် Church ၏ ရေပန်းနား၌ သူမနဲ့အတူ ခရီးသွားမည့်အကြောင်း အစီအစဉ်ချနေခဲ့သည်ကို ပြန်လည်သတိရလာသဖြင့် မျက်ရည်များကစီးကျလာလေသည်။
စာအုပ်စင်ကိုမှီထားပြီး ဖက်လတ်စစာအုပ်ဖြင့် မျက်နှာကိုကွယ်လိုက်ကာ အသံမထွက်ဘဲ ငိုချလိုက်မိသည်။

The Daymare Where stories live. Discover now