အပိုင်း {၁၄} [က]

Ξεκινήστε από την αρχή
                                    

အဲ့ဒါနဲ့ မေမေလည်း မကြားချင်တာနဲ့ အိမ်ပေါ်တက်နေလိုက်တယ်။ ဒါတောင် အတော်နဲ့ရန်ပွဲက မပြီးဘူးနဲ့တူတယ်။ အဲ့ကလေးက အိမ်ပြန်လာတိုင်း ပြဿနာနဲ့ ပြန်လာတော့ ခက်တာပဲ။ သမီး ဖေဖေကလည်း အဲ့ကလေးပြန်လာတာသိတာနဲ့ ချက်ချင်းပြန်လာတာ... ညက သမီးပြန်လာတယ်ပြော..."

ဟေမာထွန်းဟာ စကားမှားသွားဟန်ဖြင့် စကားကိုချက်ချင်းရပ်တန့်လိုက်သည်။ ဒါဆိုလျှင် ညတည်းက ညွှန်းပြန်ရောက်တာကို ဖေဖေက သိခဲ့တယ်ပေါ့။ ပြန်မလာချင်လို့ မလာရုံပဲဆိုတာ ညွှန်း ခံစားမိလိုက်သည်။ ညွှန်း ရင်ထဲဝမ်းနည်းစိတ်ဟာ ကိန်းအောင်းသွားပြန်သည်။ ဒါပေမဲ့ ထားပါလေ။ မမလွမ်း ပေးတဲ့အနာလောက်တော့ ဘယ်ခံစားရပါ့မလဲ။

"ဟုတ်လား အဲ့ဒါဆို သူ့ကိုပဲ ဂရုစိုက်ပေးလိုက်ပါ။ ညွှန်း မနက်ဖြန်ပြန်လာခဲ့မယ်လေ။ သူရှိနေသေးရင်တော့ ညွှန်း နဲ့တွေ့ဖြစ်မယ်ထင်တယ်"

ညွှန်း ရင်ထဲ မမလွမ်းကို နာကြည်းသလောက်မဆိုးရွားပေမဲ့ ခါးသီးနေတာတော့ အမှန်။ ထို့ကြောင့် အစ်မတစ်ယောက်လိုတောင် မပြောနိုင်ပဲ 'သူ' လို့သာသုံးနှုန်းမိသည်။

"မတွေ့လောက်ဘူးထင်တယ် ညွှန်းလေး... အဲ့ကလေးက ဒီညနေလောက်ပြန်မယ်ထင်တယ်။ သူက အိမ်ပြန်လာတိုင်း ဘယ်တော့မှ ၂ ရက် ပြည့်အောင်နေတာမဟုတ်ဘူး"

ဒါတွေကိုတော့ ညွှန်း သိပ်သတိမထားမိပါ။ အရင်က မမလွမ်းနဲ့ ပတ်သက်လျှင် သူ့ကိုမုန်းနေတယ်လို့ ခံစားရသည်မို့ လျစ်လျူရှုခဲ့တာများသည်။ အဲ့တော့ လူကြီးဖြစ်တဲ့ မေမေကသာ သတိထားမိတာပိုများမည်က အမှန်။

"အဲ့တော့လည်း မတွေ့ဖြစ်ဘူးပေါ့။ ပိုတောင် အဆင်ပြေသေးတယ်"

ညွှန်း အတွက် တကယ်အဆင်ပြေသည်ပါ။ အိမ်မှာတွေ့ဖြစ်လျှင်တောင် ဘာကြောင့်ဒီကိုရောက်လာတယ်ဆိုတာ လိမ်ညာဖို့စဉ်းစားနေရဦးမည်။ ပြီးတော့ မမလွမ်းရဲ့ ကစားကွက်တွေကို သိချင်သေးသည်။ ဘယ်အချိန်ထိ လှည့်စားကစားနေမှာလဲဆိုတာကိုရော ညွှန်း စိတ်ဝင်စားသည်။ ညွှန်းဟာ အခုချိန်မှာ နှုတ်ထွက်လိုက်လည်း ခံစားရမည်ဖြစ်ပြီး အချိန်တစ်ခုကြာအထိစောင့်ပြီးမှ ဒီကစားပွဲကထွက်လည်း နာကျင်ရမှာက နာကျင်ရမှာပဲလေ။ အနည်းဆုံးတော့ ညွှန်း လောက်မနာကျင်ရရင်တောင် မမလွမ်းကို နာကျင်စေချင်တယ်။

လွမ်းပျက်ပြယ်Όπου ζουν οι ιστορίες. Ανακάλυψε τώρα