အခန်း (၂၀)

Começar do início
                                    

ပုံရိပ် မျက်ဝန်းနွေးနွေးလေးသည် မျက်ရည်ဥလေးတွေ သီခိုနေသည်။ မျက်တောင်ကော့များနှင့် ဝန်းရံထားသည့် ထိုမျက်ဝန်းစိုစိုလေးကိုပင် ခမ်းနားစက်ရှိန် မှင်သက်ငေးမောနေသည်။

ခမ်းနားစက်ရှိန်၏ နှလုံးသားသည်တော့ ကွဲအက်နာကျင်စ ပြုလာလေသည်။ သူ...သက်ဦးဇင်ကို မနာလိုနေတာလား၊ ဒါမှမဟုတ် အားကျနေတာလား ဆိုသည့် ခံစားချက်ကိုတောင် သဲသဲကွဲကွဲ မသိနိုင်တော့သည်အထိ ခံစားချက်များ ရောထွေးစွာ ရှိနေခဲ့သည်။ အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းရင်း ပုံရိပ်ဆီက သူအတွက်မသက်ဆိုင်သည့် အချစ်စကားများကို အံတင်းကာ နားထောင်နေလိုက်သည်။

" ကျွန်တော် တစ်ခါတုန်းက ဆေးရုံမှာ ခွဲစိတ်မှုတစ်ခု လုပ်ရသေးတယ် ကိုစက်ရှိန်။ တစ်ဆက်တည်း သွေးလိုအပ်လို့ မောင်က သူနဲ့ သွေးအမျိုးအစား မတူတာမို့ မရမက အလှူရှင်ကို သူကိုယ်တိုင် အပြေးရှာပေးခဲ့လို့ ကျွန်တော့်ကို ဒီနေ့ ဒီနေရာမှာ ကိုစက်ရှိန် မြင်ရတာ..."

နင့်တက်လာသည့် မျက်ရည်ဥများသည် မျက်ဝန်းအိမ်မှ ထိန်းမနိုင်စွာပင် ပုံရိပ်၏ ပါးပြင်တစ်လျှောက်သို့ ပေါက်ကနဲ စီးကျလာခဲ့သည်။

" ခွဲစိတ်ကုန်ကျစရိတ်လည်း မောင်ကပဲ ကြံဖန်ချေးငှားပေးခဲ့တာ။ ကျွန်တော် ခွဲစိတ်ပြီးလို့ သတိမရသေးတဲ့ သုံးရက်လုံးလုံး မောင်ကပဲ ပြုစုစောင့်ရှောက်ပေးခဲ့တာလေ။ ဒါတွေတင်ပဲဆိုတော့ မဟုတ်သေးဘူး။

‌ကျွန်တော့်ရဲ့ ခြေဖမိုးလေးတွေအထိ မောင်က မြတ်မြတ်နိုးနိုးနဲ့ အမြဲတမ်း ဂရုစိုက် ယုယကြင်နာပေးခဲ့တာ။ ကျွန်တော် စီးထားတဲ့ ဖိနပ်တွေ ဖုန်မတက်အောင်ထိ မောင်က မနက်တိုင်း အလုပ်မသွားခင် အမြဲ သန့်ရှင်းရေးလုပ်ပေးနေကြလို့ ပြောရင် ကိုစက်ရှိန် မောင့်အပေါ် အထင်များသေးသွားမလားပဲ။

မောင် ကျွန်တော့်အပေါ် ငုံထားမတက်ကို ချစ်တယ်ဆိုတာ ဘယ်လိုစကားလုံးနဲ့ ဖော်ပြရမလဲတောင် ကျွန်တော် မသိတတ်တော့ဘူး ကိုစက်ရှိန် "

တစ်သက်မှာ တစ်ခါတည်း ဦးဆုံးဖြစ်တည်လာသည့် ချစ်မြတ်နိုးရသည့် ထိုလူသားအတွက် ကြည်နူးရလို့လား...ကိုယ့်အတွက် ဝမ်းနည်းနာကျင်ရလို့လား ဝေခွဲမရအောင် ခမ်းနားစက်ရှိန်၏ နှလုံးသားထဲတွင် အမျိုးအမည်မဲ့ ခံစားချက်တို့သည် ဦးတည်ရာမဲ့သည့် ‌ရေပြင်လို ယောက်ယက်ခတ်စွာပင်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Onde histórias criam vida. Descubra agora