အပိုင်း ၈

1.6K 52 0
                                    

လက်ကို ဖြည်လျော့ပေးလိုက်တော့မှ အလင်းသစ်မှူး အသက်ကိုလုရှူနေရသည်။

"အဟွတ်!...အဟွတ်..ဟင်း"

ချောင်းဆိုးသံရော အသက်ရှူသံတွေပါပြင်းလို့လာရသည်။

"သူနဲ့ ကျုပ်နဲ့ကဘာမှမဆိုင်တော့ဘူး "

"ဟင်"

"ခများထင်သလို သူနဲ့မပတ်သက်တော့ဘူးလို့ပြောနေတာ "

"ဟမ်...အော်  အင်းပါ အကို..ဟိုဟို"

အလင်းသစ်မှူး မင်းမုန်းရဲကို ကြောက်သည်။ သို့ပေမယ့် ဘယ်ကဘယ်လိုသူ့ကို စကားသွားပြောမိမှန်းမသိ။ အခုတော့ စိတ်တိုပြီးလည်ပင်းညှစ်ခံလိုက်ရသည်။

စကားကိုဆုံးအောင်မပြောတော့ဘဲ ပြန်ပြေးမည်အလုပ် လက်ကိုဆောင့်စွဲလိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင် ဖြစ်အောင်လုပ်လိုက်သည်။

ပြီးတာနဲ့ အလင်းသစ်မှူးရဲ့ သူ့လက်ချက်ကြောင့် နီရဲနေတဲ့ လည်တိုင်လေးကို ဖိပ်ကာနမ်းလိုက်သည်။

လန့်သွားလို့ထင်သည် ကိုယ်လေးကသိသိသာသာတွန့်သွားသည်။

မင်းမုန်းရဲညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး တဖန် လည်တိုင်လေးကို ဖိနမ်းကာ အနည်းငယ်စုပ်လိုက်သည်။

မင်းမုန်းရဲ လက်မောင်းကို တွန်းလာသော လက်လေးကို လက်တစ်ဖက်ထဲစုကိုင်ကာ ဖမ်းချုပ်လိုက်သည်။ ပြီးတာနဲ့ ကျန်တစ်ဖက်က အလင်းသစ်မှူး ခေါင်းကိုထိန်းကာတစ်ဖက်စောင်းစေလိုက်သည်။

ဖြူဖွေးနေသော လည်တိုင်လေးကို လျှာလေးနဲ့လျှက်လိုက် အာငွေ့ပေးလိုက်လုပ်နေသည်။

"အင့်...ဖယ်..ဖယ်ပေးပါ"

အနည်းငယ် အဖျားခတ်သွားသည့်အသံလေးက တုန်ယင်နေသည်။

အလင်းသစ်မှူး လည်တိုင်တစ်လျောက် သူ့နှုတ်ခမ်းက အနွေးဓာတ်ကိုရနေသည်။ အာငွေ့ပေးသောအခါ နွေးခနဲခံစားရပြီး လျှာနဲ့လျှက်သောအခါ ကျောထဲစိမ့်သွားရသည်။

သူ့လက်နဲ့ စုကိုင်ထားခံရသော အလင်းသစ်မှူး လက်ကလေးတွေကလည်း တုန်ယင်နေသည်။

ခနနေတော့ မင်းမုန်းရဲလွှတ်ပေးသည်နှင့် အလင်းသစ်မှူးတစ်ယောက် ခြေမခိုင်စွာ ယိုင်သွားရသည်။ ဘေးက ဘေစင်ကိုအချိန်မှီလက်ထောက်လိုက်၍သာ တော်ရော့သည်။

မောင့်အမုန်းတော်ခံ Where stories live. Discover now