အပိုင်း ၁၉

1.3K 49 0
                                    

မင်းမုန်းရဲ ​marketတစ်ခုမှာ လိုအပ်သည့်မုန့်များနဲ့ ဘီယာဘူးများလာဝယ်တာဖြစ်သည်။

အလုပ်တစ်ခုအား စတင်အကောင်ထည်ဖော်နေသဖြင့်ဒီအတော့အတွင် သူသိပ်မအားခဲ့။ ဒါကြောင့် ဟိုလူကိုလည်းမဆက်သွယ်ဖြစ်။သေချာလည်းမဆက်သွယ်သေးတာဖြစ်သည်။

မူနေသော သူအားအမူလွန်ပြီး သူ့အပစ်သူသိရန် အချိန်ပေးကာ သေချာပစ်ထားတာဖြစ်သည်။ မင်းမုန်းရဲအတက်သိသည် အလင်းသစ်မှူးလည်း သူ့အားချစ်သည်ဆိုတာ။ အဟွန်း..သူကတော့မချစ်ပေမယ့်ပေါ့။

လက်လျှော့လိုက်တယ် ထင်ရင်အားလုံးမှားသွားမည်။ ထိုသူ သူ့အားလာရှာနေတာတွေ အလုပ်ထိတောင်လာမေးတာတွေကို သူအကုန်ပြန်သိပါသည်။

ဝယ်စရာရှိတာတွေ ဝယ်ပြီးကာ ဒုတိယထပ်သို့ဆင်းလာပြီး ဖိနပ်ဝင်ဝယ်လိုက်သည်။

အလင်းသစ်မှူး ဖိနပ်ဆိုင်ထဲဝင်သွားသော မင်းမုန်းရဲအား လှမ်းမြင်လိုက်ရသည်။ လူရောစိတ်ရော ပင်ပန်းတာမို့ ခွင့်ရက်တောင်းထားတာဖြစ်သည်။ ကိုယ့်ဆေးရုံမို့ သွားချင်သွား မသွားချင်နေလုပ်လို့ရတယ်လို့ မာမီကပြောပါသေးသည်။

အလင်းသစ်မှူး ဆိုင်ထဲကို လိုက်ဝင်လိုက်သည်။ ကောင်တာထဲက ဖိနပ်တွေကိုရွေးနေသော မင်းမုန်းရဲက တစ်ခုကိုပြလိုက်သည်မို့ ဝန်ထန်းမက ယူလာပြပေးသည်။

"မောင်"

မင်းမုန်းရဲ အလင်းသစ်မှူးအားမော့ကြည့်လာပြီးမှ ပြုံးပြလိုက်ပြီး...

"ဗျာ"

"......"

မင်းမုန်းရဲ မတ်တပ်ထရပ်ကာ အလင်းသစ်မှူးလက်လေးအား သူ့ရင်ဘတ်ပေါ်တင်လိုက်ပြီး..

"မောင့်နှလုံးသားလေးတော့ ရင်ခုန်သံတွေကြမ်းနေပြီခများရယ်"

"......"

အလင်းသစ်မှူး ရှက်လို့ ခေါင်းလေးသာငုံနေမိသည်။

"မှူး."

"မှူးလို့..မောင့်ကိုကြည့်"

မင်းမုန်းရဲ သူ့အားမော့ကြည့်လာသောမျက်ဝန်းဝိုင်းလေးတစ်ခုနဲ့ အကြည့်ချင်းဆုံလိုက်သည်။ မျက်ရည်လေးတွေ ဝေ့သီနေတာကိုမြင်လိုက်ရတော့ ခံစားချက်ကတစ်မျိုးလေးဖြစ်သွားပြန်သည်။

မောင့်အမုန်းတော်ခံ Where stories live. Discover now