အခန်း (၁၈)

Start from the beginning
                                    

" မေမေ...မနက်စာ မစားတော့ဘူးလေ။ မဟုတ်လည်း ဂေဟာမှာ မနက်စာကျွေးဖို့စီစဉ်ထားတယ်မလား "

" စီစဉ်တာက စီစဉ်တာပေါ့။ သားက ဟိုရောက်မှ စားချင်လို့လား "

" ဟုတ် ဟုတ် "

မလုံမလဲ ဖြစ်သွားတဲ့ စိတ်တို့နှင့် ခေတ်သစ် မျက်နှာလေး ရဲကနဲ တက်သွားသည်။ ဒေါ်မြသွေး ကတော့ သတိထားမိဟန် မတူချေ။

" ဒါဆိုလည်း ဟိုရောက်မှ စားကြတာပေါ့။ ဖေကြီးရေ ကျွန်မတို့ သွားဖို့ ကားအဆင်သင့်ဖြစ်ပြီလား "

" ဖြစ်ပါပြီဗျာ၊ ငါ့သားချောလေး ဟက်ပီဘက်ဒေးပါ "

" ကျေးဇူး ဒယ်ဒီ "

ထို့နောက်တွင်တော့ ကားလေးပေါ် သားမိသုံးယောက်တက်ပြီး ဂေဟာလေးဆီ မောင်းနှင်လာခဲ့ကြတော့သည်။

💙

နံနက်ခင်း နေခြည်နုနုလေးသည် ဂေဟာလေးအတွင်း ဖြန့်ကျက်ဝင်ရောက်လာချိန်တွင် ကလေးငယ်များ၏ ညံစီသော အသံများနှင့် ဂေဟာလေး၏ မနက်ခင်းအချိန်အခါလေးသည် သက်ဝင်လှုပ်ရှားလျက်ရှိသည်။

" အမေမြ သက်သာရဲ့လား "

" သက်သာပါပြီ၊ အမေမြ သွေးအားနည်းသွားလို့သာ မူးမေ့သွားတာပါ။ အခု ဆရာဝန်ကလည်း ဆေးထိုးပြီး သောက်ဆေးအရှိန်ကြောင့် သွေးလည်ပတ်မှုလည်း ပုံမှန်ဖြစ်ပါပြီ "

ပုံရိပ် အမေမြလက်ကလေးကို အုပ်မိုးကိုင်ထားလျက် ကုတင်လေးပေါ် ထိုင်လိုက်ပါ၏။

" သား ဒီနေ့ နားရက်လား "

" ဟုတ်တယ် ဒီနေ့က ပုံရိပ်ရဲ့ နားရက်လေ။ ခနနေ ဆိုရင် အလှူရှင်တွေ ရောက်တော့မယ်။ ကလေးတွေလည်း ထမင်းစားခန်းထဲ အသင့်ရောက်နေပြီ အမေမြ "

" အေးအေး...ဒီနေ့က ဂေဟာရဲ့ ပင်တိုင် အလှူရှင် မမြသွေး သားလေး မွေးနေ့မို့ သုံးနပ်စာ တာဝန်ယူထားတယ်။ ပုံရိပ်က လိုအပ်တာတွေ ကူညီပေးလိုက်ပါဦးကွယ် "

"စိတ်ချပါ အမေမြရဲ့။ အမေမြသာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ အမေမြ မူးလဲတယ်ဆိုလို့ ပုံရိပ် ဘယ်လောက်တောင် စိတ်ပူလိုက်ရလဲ သိရဲ့လား "

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now