EPILOGUE

244 12 0
                                    

Over The Love
Epilogue

Boris ရဲ့ အလုပ်တွေကြောင့် အားလားဆိုတဲ့ Christmas ဟာ ၅နှစ်ကြာသွားပါတယ်။ Theo ဟာ Boris ကို အံ့ဩစေချင်တာကြောင့် ဘာမှမပြောပဲ သူဦးဆောင်ရာကို လိုက်စေခဲ့တယ်။ ဒါပေမဲ့ Boris မှတ်မိတာပေါ့.... အမှတ်တရ အပြည့်နဲ့ ရင်းနှီးခဲ့တဲ့ လမ်းတွေကို....။
"Theo...."
"ဘာလဲ သတိရမလားဘူးလေ
အိမ်လေ ဒါက ငါတို့မွေးရပ်မြေလေ"
Theo ပြောတာ မှန်ပါတယ်။ Paris မှာ ဘယ်လောက်ပျော်တယ်ပြောပြော England က ဒီနယ်မြို့လေးလောက်တော့ သူမပျော်ရွှင်ပါ....။

ကျွန်တော် အခုထိ ရေခဲပြင် စကိတ်မစီးတတ်သေးပါဘူး။ ဒါပေမဲ့ ရေခဲပြင်အလယ်က ပုံရိပ်လေးတွေကို ကြည့်ရင်း ကြည်နူးနေဆဲပါပဲ။ အခုတော့ သူတို့  ၂ယောက်ထဲ မဟုတ်တော့ပါဘူး.... သူတို့ အချစ်ကိုလက်ခံပေးတဲ့လူတွေနဲ့အတူပေါ့.....။
"Amy ဒီလိုစီး...."
Theo က သူ့အစ်မ Amanda ရဲ့ သမီးအငယ်လေး Amy ကို စကိတ်စီးသင်ပေးနေတယ်။ တစ်ဖက်မှာလည်း ကောင်လေး၂ယောက် စကိတ်အတူစီးလို့....။
Amanda ရဲ့ သားအကြီး Edward နဲ့ Andy နဲ့ Claudia တို့သားလေး Phillip....။ Edward က သူ့ဦးလေးလိုပဲ စကိတ်ကျွမ်းကျင်စွာ စီးတတ်ပြီး Phillip လေးကို ဆရာလုပ်နေလေရဲ့.....။

ကျွန်တော့်ရှေ့မှာ ထိုင်လျက်လဲကျသွားတဲ့ Erik ကြောင့် ကျွန်တော် ရယ်လိုက်တယ်။
"တင်ပါးအောင့်သွားတာလား"
"ဟုတ်ပ!"
"ကျွန်တော် စစီးတုန်းကလည်းအဲလိုပဲ"
ကျွန်တော် Erik ကို ထူရင်း ပြောလိုက်တယ်။

ကျွန်တော်တို့ Christmas Eve မှာ church ကို မသွားကြတော့ပေမယ့် church ရှေ့က ဖြတ်တုန်း ကြားလိုက်ရတဲ့ သီချင်းသံတွေကြောင့် ငယ်ငယ်က အမှတ်တရတွေတော့ ပြန်တွေးမိပါသေးတယ်။ အနီးအနားမှာ နှင်းတွေပေါက်ရင်း ဆော့ကစားကြတော့ Theo က Boris ကို ဝက်သစ်ချပင်ကြီးရှေ့ကို ခေါ်သွားခဲ့တယ်။
"ဒီနေရာကို မှတ်မိလား?"
"ဘာလို့ မမှတ်မိရမှာလဲ"
Boris က ရယ်ရင်းပြောလိုက်တယ်။ သူတို့နှစ်ယောက် ပထမဆုံးအနမ်းလေးပေးခဲ့တဲ့ နေရာမှာပဲ နောက်ထပ် အနမ်းတစ်ခု ထပ်ချွေပြန်တယ်။

"အဲဒီနောက်မှာ သူတို့အားလုံး ပျော်ရွှင်စွာနေသွားကြတယ်
ပုံပြင်လေးကတော့ ဒါပါပဲကွယ်"
Charles ရဲ့ ပုံပြင်လေး အဆုံးမှာ ကလေး၃ယောက် အိပ်ပျော်သွားကြတယ်။ Charles က ကလေးချစ်တတ်သလို ကလေးတွေကလည်း သူ့အနားကမခွာ.....။
"Tea နွေးနွေးလေး သောက်ရင်း chess ကစားကြမလား"
Erik က Charles ကို ပြောလိုက်တယ်။
"ကောင်းသားပဲ....."

🎼You are my sunshine, my only sunshine
You make me happy when skies are gray
You'll never know dear, how much I love you
Please don't take my sunshine away🎶🎵

မီးလင်းဖို က အနွေးဓာတ်လေးလွှမ်းခြုံနေတဲ့ အခန်းလေးထဲမှာ Andy ရဲ့ စန္တရားသံလေးနဲ့ သီချင်းဆိုသံလေးပျံ့လွင့်နေတယ်။ သူဟာ သူ့ဇနီးချောလေး Claudia ကိုကြည့်ရင်း သီဆိုနေတယ်။ ကျွန်တော်ရယ် Joana ရယ် Amanda တို့ စုံတွဲရယ်ဟာ မီးလင်းဖိုနားမှာထိုင်နေကြတယ်။ Charles နဲ့ Erik ကတော့ စစ်တုရင်ကစားနေကြတယ်။ Theo နဲ့ Boris ကတော့ အခုထိ Christmas သစ်ပင်ကို အလှဆင်တာ ပြန်ပြင်လို့မပြီးသေး....။
"အလှဆင်ပြီးသားကိုကွာ...."
Theo က ပြောလိုက်တယ်။
"မဟုတ်ဘူး.... လှမှမလှတာ ပိုလှအောင်လုပ်ပေးနေတာ"
Theo သက်ပြင်းချရင်း ထိုင်ချလိုက်တယ်။ ပြီးတော့ Elizabeth ကို ကောက်ချီလိုက်ရင်း.....။
"တွေ့လား..... မင်း အဖေလို လူမျိုး မဖြစ်စေနဲ့
အရမ်း ဇီဇာကြောင်တာ"
Elizabeth က ပြန်ဖြေပါတယ် "meow" တဲ့။
"အဲဒါပဲ Theodore Decker....! ဒီည မင်း အခန်းထဲမလာခဲ့နဲ့ ငါက အရမ်း ဇီဇာကြောင်လို့ မင်းဘာသာ အပြင်မှာ သွားအိပ်"
"ဟာ အဲလိုမဟုတ်...."
အိပ်ခန်းဘက်ကို ထွက်သွားတဲ့ Boris နောက် Elizabeth ကို ချီရင်း Theo လိုက်သွားတယ်။ ကျွန်တော့်အားလုံးကြည့်ရင်း ရယ်မိကြပါသေးတယ်။

တချို့ ချစ်ခြင်းတွေက အချစ်ဆိုတာထက် ကျော်လွန်ပြီး နွေးထွေးတဲ့ မေတ္တာတရားတွေရှိတာကြောင့် ဘေးလူတွေပါ ကြည်နူးပျော်ရွှင်စေသလားပဲ....။

The End.

Over The Love ✔ [Completed]Where stories live. Discover now