Chapter 8

95 8 0
                                    

Over The Love
8 - The Love in Paris

"Theo!!!!"
ရထားပေါ်ကဆင်းလာတဲ့ ကောင်လေးက Theo ကို တရင်းတနှီး ဖက်ပြီး နှုတ်ဆက်လိုက်တယ်။ သိပ်အဆင်မပြေသေးပေမယ့် လမ်းမကျွမ်းသေးတာကို အကြောင်းပြီး Theo အတင်းခေါ်လာတာကြောင့် ပါလာတဲ့ Boris က သူတို့ နှစ်ယောက်ကို သေချာအကဲခတ်နေတယ်။
"Andy Barbour တဲ့ ကျဆုံးသွားတဲ့ ရဲဘော်တစ်ယောက်ရဲ့ ညီလေးလေ
ငါနဲ့ ညီအစ်ကိုလိုပဲ"
Boris က သူ့ကို ဂရုမစိုက်ပဲ Andy ကိုပဲ ပြုံးပြလိုက်တယ်။

"ချစ်စရာလေး....."
Andy က ဖြူဖြူဖွေးဖွေး ကြောင်လေးကို ကြည့်ရင်း ပြောလိုက်တယ်။ Theo ကတော့ အမြဲတမ်းလိုလို Boris ပေါင်ပေါ်အိပ်နေတတ်တဲ့ ထိုကြောင်အား သိပ်ကြည့်မရပါ။
"သူ့နာမည်က Elizabeth the great လေ"
Boris က ပြောလိုက်တယ်။
"Queen Elizabeth နဲ့ Alexander the great နာမည်ပေါင်းပေးထားတာတဲ့ ကြောင်တောင်တောင်နိုင်တယ်မလား"
Theo က ဝင်ပြောတော့ Boris ကို သူ့ကို မကျေမနပ်နဲ့ ကြည့်လိုက်တယ်။ သူ့ကြောင်ဆိုရင် အထိမခံဖြစ်နေတဲ့ Boris ကြောင့် Theo ဘဝ က ကြောင်ကိုပင် မနာလိုလိုက်ဖြစ်နေရတယ်။
"မဟုတ်ပါဘူး နာမည်က လှတယ်"
Andy စကားကြောင့် တစ်မဲလျော့သွားတဲ့ Theo မျက်နှာ ရှုံ့မဲ့သွားတယ်။

Boris ကတော့ သူ့ထုံးစံအတိုင်း အလုပ်လုပ်ရင်တောင် ကြောင်ကို ပေါင်ပေါ်က မချ....။ Theo က Elizabeth ကို မကျေနပ်စွာကြည့်ရင်း....။
"ကြောင်ဖြစ်ချင်လိုက်တာ"
Boris သူ့ကို ပြန်ကြည့်လိုက်ရင်း....။
"မင်း Paris ကို ဘာလာလုပ်တာလဲ
အလုပ်မရှိဘူးလား...."
"မရှိဘူး ငါ့အဖေရဲ့အမွေတွေက ငါတစ်သက်လုံး ထိုင်စားလို့ရတယ်
ပြီးတော့ မင်းနားမှာ နေချင်လို့လာတာ အရင်ကလို တကောက်ကောက်လိုက်ဖို့လေ"
Theo စကားကြောင့် Boris ခွီးခနဲရယ်မိတယ်။
"တော်တော့ ငါအလုပ်လုပ်လို့ မရတော့ဘူး"
"ဘာလဲ? ရှက်လို့လား...."
"မင်း ဘာလို့စာတွေဆက်မပို့တော့တာလဲ"
"ငါမင်းကို ပြောပြီးပြီပဲ ပို့တယ်လို့
အဲဒီလို ပြောကြေးဆို မင်းကျတော့ရော...."
"ငါလည်းပို့...."
Boris တစ်ခုခုကို စဥ်းစားမိသွားတယ်။ သူ့စာတွေကို အမြဲယူသွားပြီးပို့ပေးတာက Papa ဆိုတော့.....။
"Boris... Boris!!!"
Theo အသံကြောင့် သူအတွေးထဲက ပြန်နိုးထလာခဲ့တယ်။
"ထားပါတော့.... ကြားမှာ တစ်ခုခုမှားသွားလို့ ဖြစ်မယ်
စာတိုက်ဖြစ်ဖြစ်"
မထားလို့လည်းမရ။ သေပြီးသား Papa ကို မြေကြီးထဲက ပြန်တူးပြီး စာတွေကို လက်စဖျောက်ခဲ့လားဆိုပြီး သွားမေးလို့မှမရတာ။
"Eiffel Tower ကိုသွားချင်လား...."
Theo က ရယ်တယ်။
"ဘာလဲ date မလို့လား"
"မသွားချင်လည်း မသွားနဲ့"
"စတာ စတာ သွားမယ်"

Over The Love ✔ [Completed]Where stories live. Discover now